ပရိသတ်တွေကို မညာချင်ဘူးဆိုတဲ့ အိစိကွေး
19 May 2017 1,327 Views
ကလေးသရုပ်ဆောင်နေရာကနေ အနုပညာလောကထဲကိုဝင်ရောက်လာပြီး နေရာတစ်နေရာရလာတဲ့ ကလေးသရုပ်ဆောင် အိစိကွေးကတော့ အခုဆို တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ဖြေဆိုထားပြီးပါပြီ။ ဇာတ်ကားရိုက်ကူးမှုတွေနဲ့ ပတ်သက်ပြီး မတွေ့ရသေးပေမဲ့လည်း ဂီတနဲ့ ပတ်သက်ပြီး လှုပ်ရှားမှုတွေ ရှိနေပါတယ်။ ဂီတပိုင်းမှာလည်း ဝါသနာတဲ့အတွက့်  စီးရီးခွေထွက်ဖို့ ပြင်ဆင်နေပါတယ်။
လူပျိုဝင်ခါစ အရွယ်ဖြစ်နေတဲ့အတွက် ဇာတ်ကားရိုက်ကူးဖို့ အဆင်မပြေသေးတာကြောင့် သရုပ်ဆောင်ပိုင်းကို နားထားကာ ဂီတပိုင်းကို ဦးစားပေးလုပ်နေပါတယ်လို့လဲ ပြောထားပါတယ် ။
“အခုက စပ်ကူးမတ်ကူးအရွယ်ဖြစ်နေတော့ ရုပ်ရှင်လည်းရိုက်လို့မရသေးတဲ့အတွက် အိစိ သီချင်းတွေကို ပိုလုပ်သွားမှာပါ။ လက်ရှိမှာ သီချင်းတွေကို သေချာပြန်လုပ်ဖြစ်နေတယ်။short film လေးတွေရိုက်ဖို့ရှိတယ်။ကိုယ်ပိုင်အယ်လ်ဘမ်ထွက်ဖို့ သီချင်းတွေစုနေပါတယ်။တစ်ပုဒ်ချင်းကိုလည်း အွန်လိုင်းမှာတင်ပေးဖို့ ကြိုးစားနေပါတယ်။EDM ပုံစံသီချင်းတွေဖြစ် သွားမှာပါ။ တဖြည်းဖြည်းနဲ့မှ ရုပ်ရှင်ရိုက်တဲ့ဘက်ကို ပြန်ကူးဖြစ်မှာပါ။ပရိတ်သတ်တွေ ဟိုးငယ်ငယ်လေးကတည်းက အားပေးခဲ့လို့ အိစိကွေးဖြစ်လာတယ်။ဒါကြောင့်အိစိဘက်ကလည်းအကောင်းဆုံးကြိုးစားသွားမှာပါ" လို့ ပြောထားပါသေးတယ် ။
အနုပညာပိုင်းတွေနဲ့ ပတ်သက်ပြီး လိုအပ်တဲ့ သင်တန်းတွေတက်ပြီး သေချာလေ့လာသွားမှာ ဖြစ်သလို ပရိသတ်တွေကို ညာပြီး သရုပ်ဆောင်တဲ့သူ မဖြစ်အောင် အစစ်အမှန် ရသကို ပေးနိုင်တဲ့သူ ဖြစ်အောင် ကြိုးစားသွားမယ်လို့ပြောသွားခဲ့ ပါတယ်။
Source : Myanmar People Magazine