အမြှီးရ အမြှီးခေါင်းရခေါင်းယူ လုပ်စားတတ်တဲ့သူတွေတော်တော်များများအနုပညာလောကမှာရှိတယ်လို့ ပြောလိုက်တဲ့ ဂျွန်လွင်
19 May 2017 1,373 Views
အမြဲပွင့်လင်းတဲ့စတိုင်နဲ့ ကိုယ်မှန်တယ်ထင်ရင် ပွင့်ပွင့်လင်းလင်းပြောတက်လို့ အမြဲ ပွဲဆူတက်တဲ့ Star & Model Int'l Agency CEO ဂျွန်လွင်ဟာ အနုပညာလောက မှာ တက်သစ်စလေးတွေကို အမြဲ မြေတောင်မြှောက်ပေးနေတြ့ သူတစ်ယောက်ဖြစ်ပါတယ် ။ လက်ရှိမှာတော့ တပည့်တစ်ဦးဖြစ်တဲ့ ဇွဲပြည့်အခွေကို ဖြန့်ချီပေးမှာ ဖြစ်ပြီး ဇွဲပြည့်ရဲ့ အခွေအတွက် သိန်း ၅၀၀ကျော်လောက်သုံးသွားမှာ ဖြစ်ပြီး ပရိုမိုးရှင်းတွေကိုလဲ လုပ်နေကြအတိုင်းလုပ်သွားမယ်လို့ ပြောထားပါတယ်။ ဇွဲပြည့် အခွေပြီးသွားရင် မင်းသားသစ်တစ်ယောက်စင်တင်ပေးဖို့ ရှိတယ်လို့ လဲ ပြောသွားပါတယ် ။
အနုပညာလောမှာ အောင်မြင်နေတဲ့ အောင်ရဲလင်း ၊ဇွဲပြည့် ၊မိုးဟေကို ၊မြင့်မြတ် ၊ရွှေမှုန်ရတီ စတဲ့ အနုပညာရှင် တော်တော်များများဟာ လည်း ဂျွန်လွင့် တပည့်တွေလို့ လဲ ပြောလို့ ရနေပါတယ် ။ တချို့ အောင်မြင်ပြီထင်ပြီး ထဖောက်လိုက်လို့ ဈေးကွက်ထဲ မရှိတော့ တဲ့ သူတွေလဲ ရှိပါတယ်လို့ ပြောသွားပါတယ် ။ ဆရာတပည့် အပေါ် ဂျွနလွင်ရဲ့ ခံယူချက်က ကျောင်းတုန်းက စာသင်တုန်းကဆရာနဲ့ အနုပညာဆရာနဲ့ မတူဘူး။
အနုပညာရှင်ဆိုတာ မိုက်ရိုင်းဖို့ကို လူဖြစ်လာတာ။ အမြှီးရအမြှီးယူ ၊ ခေါင်းရခေါင်းယူ နဲ့ လုပ်စားတတ်တဲ့ သူတော်တော်များများက အနုပညာလောကမှာကျင်လည်ကြတယ်ပေါ့နော်။ ကိုယ်ကိုတိုင်က ဒီလိုလောကမှာ ကျင်လည်လာတဲ့ သူဆိုတော့ သူတို့ ကျင်လည်တယ် ။ မိုက်ရိုင်းတယ်ဆိုတာ ကိုယ့် အနေနဲ့ အိပ်နေသလောက်ပဲ ဖြစ်တော့ သူတပြန် ကိုယ်တပြန်ဆော်ကြလေရော။ နောက်ဆုံးတော့ သူတို့ ပဲ အရှုံးပေးကြရတာပေါ့ ။ ကိုယ်က သူတို့ ထက် အဆပေါင်းများစွာ ဆိုးသွမ်းတယ်ဆိုတာ သိသွားတော့ မဆိုးရဲကြတော့ဘူး ။
ဒါပေမယ်ပ အခု အသက်အရွယ်ရလာတော့အဲ့ဒိလောက်ကြီးအထိယှဉ်ပြိုင်တိုက်ခိုက်ဖို့လည်း စိတ်မ၀င်စားတော့ဘူး ။ ဂျွန်လွင်ဟာ အပြော ကြမ်းတယ် အပြောဆိုးတယ်လို့ တစ်နိုင်ငံ လုံးသိသွားပေမယ့် ဂရုမစိုက်ပါဘူး ။ စိတ်ကို မ၀င်စားတာပါ ဒီအတိုင်းပါပဲ ။ ကိုယ်နေနေကျပုံစံအတိုင်းပဲ နေမယ် ။သူများအတါက်နဲ့တော့ ကိုယ်မပြင်နိုင်ဘူး ။ ကိုယ်နဲ့ ပတ်သတ်ချင်ရင် သူတို့ပြင်ပြီး ကိုယ့်ဆီလာခဲ့ ကျွန်တော် အာ့လို ပဲ ဆုံးဖြတ်ထားတယ် ။ ကျွန်တော်တို့ အလုပ်အပ်မယ့် ကုမ္ပဏီတွေလည်း ငှားချင်ငှားမငှားချင်နေ ။ ကျွန်တော် ဘယ် ကုမ္ပဏီ မှ အောက်ကျခံပြီး ကျွန်တော့်ကို ငှားပါအုံးလို့ ဖုန်းတစ်လုံးနဲ့ားကတ်တင်းမဆင်းဘူး ။
ကျေနပ်ရင်ငှား မကျေနပ်ရင်မငှားနဲ့ ။ ကျွန်တော် အပေါက်ဆိုးတာ ကျွန်တော်မပြင်နိုင်ဘူး သူတို့ ငှားမှ ထမင်းစားရမှာ မဟုတ်ဘူး ။ ကိုယ့် ကုမ္ပဏီ နဲ့ကိုယ် ကြီးပွားချမ်းသာပြီးသား ။ တပည့်တွေရော တခြားလူတွေရော အားလုံးရော ဒီတိုင်းပဲ ။ သူတို့ရှိလို့ ကိုယ်ဖြစ်တာမဟုတ်ဘူး ။ ကိုယ်ရှိနေလို့ သူတို့ ဖြစ်တယ်လို့ပဲ မှန်းထားတာ ။ ကျွန်တော်ကတော့ မပြုပြင်နိုင်ဘူး ။ အဲ့ဒါကိုမှ မပတ်သတ်ချင်လာမပတ်သတ်ကြနဲ့ ။
ကျွန်တော ညနေဆို close friend တစ်ယောက်နှစ်ယောက်ခေါ်ပြီး စားမယ်သောက်မယ် သွားမယ်လာမယ် ပြန်လာရင်စောင်ခြုံအိပ်မယ် ။ မနက်က တစ်နေကုန်အလုပ်ပြန်လုပ်မယ် ။ ဒီထက်ပိုပြီးလုပ်စရာ မရှိပါဘူး။ မိသားစုတွေက ရန်ကုန်မှာပဲ ရှိပေမယ့် မတွေ့ဖြစ်ကြဘူး အနားမှာ ယုံကြည်ရတဲ့ သူတွေ မွေးထားတယ်သူတို့တွေနဲ့ ပဲ ဘ၀ကိုအဆုံးသတ်ဖို့ စဉ်းစားထားတယ် လို့ ပြောသွားခဲ့ ပါတယ်။
Credit:oasis