လက်ရှိမြန်မာရုပ်ရှင်ဇာတ်ကားတွေနဲ့ပတ်သက်ပြီး ဒီလိုဝေဖန်လိုက်ပြီ
18 May 2017 1,515 Views
အနာဂတ်မြန်မာ့ရုပ်ရှင်မည်သည့်စနစ်ဖြင့်ရုံတင်ပြသမည်လဲဆိုပြီး အနုပညာလောက က ကိုတင်ထွန်းဝင်းက အခုလိုပဲပြောလိုက်ပါပြီ။စာဖတ်သူတွေမူရင်းအတိုင်း ဖတ်နိုင်စေရန် တိုက်ရိုက်ဖော်ပြပေးလိုက်ပါတယ်။
များမကြာမီကာလအတွင်းမှာလက်ရှိရုံတင်စနစ်ကိုမဲခွဲဆုံးဖြတ်ခဲ့သောဇာတ်ကားများ ကုန်ဆုံးတော့မည်ဖြစ်ပေသည်။ ထိုဇာတ်ကားများကုန်ဆုံးပါကမြန်မာနိုင်ငံတဝန်းလုံးရှိရုပ်ရှင်ရုံစုစုပေါင်း၉၇ရုံသည် လက်ရှိစနစ်ဖြင့်ရုံတင်ပြမည်လော သို့မဟုတ် ရုံတင်စိတ်ကြိုက်ရွေးချယ်၍ပြသမည်လောကို ကျပ်ငွေသန်းပေါင်းများစွာရင်းနှီးမြှပ်နှံထားသောရုပ်ရှင်ထုတ်လုပ်သူများ ယခုချိန်ထိ တိတိကျကျမသိရှိကြပေ။မည်သို့ပင်ဖြစ်စေ Demand နှင့်Supplyမမျှတတော့ပေ။ ရုံတင်ရန်စောင့်ဆိုင်းနေသည့်ဇာတ်ကားပေါင်း(၁၇၀)ကျော်၊ရုပ်ရှင်ရုံရှိတာမှ (၁၀၀)ဝန်းကျင်ခန့်သာရှိသည်။ Aအုပ်စုနှင့်Bအုပ်စုခွဲထားသည်။မည်သည့်ဇာတ်ကားမဆိုရန်ကုန်မန္တလေးမှလွဲ၍နယ်ရုံများသည်တစ်ပတ်သာပြသည်။နယ်ပရိသတ်တော်တော်အားပေးမှုများမှသာ၂ပတ်ပြသကြရသည်။သမ္မတရုပ်ရှင်ရုံနှင့်တပြိုက်နက်တည်းပြသည့်ရုံက (၅၀)နီးပါးကတန်းစီစနစ်ဖြင့်ပြကြရသည်။
Aအုပ်စုမှာပြသသောဇာတ်ကားသည်သမ္မတရုံမှာ၃ရက်အတွင်းဝင်သည့်ဝင်ငွေရာခိုင်နှုန်းအပေါ်မူတည်၍ရုံတင်ရက် ၇ ရက် သို့မဟုတ်၂ပတ်(၁၄ ရက်) ဟူ၍ပြသခွင့်ရရှိသည်။
Aအုပ်စု မှပြသသောဇာတ်ကား ၂ပတ်ပြသခွင့်ရရှိမှသာ Bအုပ်စုပြသခွင့်ရရှိသောဇာတ်ကားကိုမှပြသရသည်။
ထိုကြောင့် B အုပ်စုမှပြသမည့်ဇာတ်ကားများသည်မိမိဇာတ်ကားမည်သည့်ရက်မည်သည့်အချိန်ပြသရမည်ကို(၁၅)ရက်ကြိုတင်သိခွင့်မရရှိပေ။ထိုအတူပင် Aအုပ်စုမှဇာတ်ကားသတ်မှတ်ဝင်ငွေမရရှိခဲ့ပါကနာက်မှတန်းစီရသောဇာတ်ကားမှာချက်ချင်းပြသရန်တက်သူတ်ရိုက်ရလေသည်။ထိုအခါBအုပ်စုမှဇာတ်ကားလည်းရုံတင်ခွင့်မရပေ။
ထိုကြောင့်B channelမှပြသရန်တန်းစီထားသောဇာတ်ကားသည်ကြော်ငြာကောင်း ဇာတ်ကားကောင်းမှသာပရိသတ်ကိုဆွဲဆောင်မှုရှိပေလိမ့်မည်။(ဥပမာ ကြီးကြီးကျယ်ကျယ်ရုပ်ရှင်ဇာတ်ကား)။B အုပ်စုမှတင်သောဇာတ်ကားများသည်ရာခိုင်နှုန်းအားဖြင့် အောင်မြင်သည်ကနည်းပေသည်။အဘယ်ကြောင့်ဆိုသော်...
ရန်ကုန်မြို့ရှိရုပ်ရှင်ကြည့်ပရိသတ်အများစုသည် ဇာတ်ကားအသစ်ဆိုလျင်သမ္မတရုပ်ရှင်ရုံ တင်သောဇာတ်ကားကိုသာအဓိက ထားကြသည်။သမ္မတရုပ်ရှင်ရုံမှာရုံတင်သောစနစ်သည် systemticallyကျသည်။လွန်ခဲ့သော၂နှစ်ကတည်းကဆင်ဆာနံပါတ်ဖြင့်အလှည့်ကျရုံရက်တန်းစီထာသောမြန်မာဇာတ်ကားများကိုသာပြသည်။နိုင်ငံခြားကားမပြပေ။ပရိသတ်အချို့သည်သမ္မတမှာတင်သောဇာတ်ကားများကိုသာမြန်မာကားအသစ်သာပြသသည်ဟု ပရိသတ် ၇၀ရာခိုင်နှုန်းသိကြလေသည်။
Bအုပ်စုမှပြသသည့်ဇာတ်ကားများအခြေနေ
**********************************
၎င်းBအုပ်စုမှပြသမည့်ဇာတ်ကားများမည်သည့်ရက်မည်သည့်အချိန်ပြသခွင့်ရရှ်ိမည်ကိုမြန်မာနိုင်ငံရုပ်ရှင်အစည်းမှ ၁၅ရက်တစ်ကြိမ်ခန့်ကျင်းပသည့် ပြသညှိနှိုင်းအစည်းဝေးမှဆုံးဖြတ်ပြီး ရုပ်ရှင်ရုံ လုပ်ငန်းကိုရင်းနှီးမြှပ်နှံမှုအများဆုံးပြုလုပ်ထားသော မင်္ဂလာ လီမိတက်တာဝန်ရှိသူများနှင်အခြားရုပ်ရှင်ရုံရှင်တချို့တို့မှတာဝန်ရှိသူများမှ ကြည့်ရှုပြီး ပရိသတ်ကြိုက်နှစ်သက်မှုအများဆုံးဖြစ်နိုင်ချေဇာတ်ကားကို၎င်း ၊A အုပ်စုမှရုံတင်သောဇာတ်ကားများတွင်ပါဝင်သောသရုပ်ဆောင်တူညီမှုရှိမရှိကို၎င်း စိစစ်၍ ရုံတင်ရက်ပေးရသည့်စနစ်ဖြစ်ပေသည်။ငွေကျပ်သန်းနှင့်ချီရင်းနှီးထားသောလုပ်ငန်းရှင်များမိမိဇာတ်ကားစောလျင်စွာရွေးချယ်ဖို့အတွက်ရင်တမမဖြစ်နေရသည့်အခြေနေပင်ဖြစ်သည်။
ပရိုဂျူဆာဒုက္ခ
************
ပရိုဂျူဆာအဖြစ်ကတော့ စရိုက်မည်ဆိုကတည်းက ဇာတ်လမ်း ဒါရိုက်တာ သရုပ်ဆောင် ဇာတ်ကားပြီးမပြီး ဆင်ဆာ ကြော်ငြာ ရုံတင် တိုင်းရေးပြည်ရေး ရာသီဥတု ပရိသတ်အားပေးမှု စသည့်အဆင့်ဆင့်ကိုဆုတောင်းနေရုံမှတစ်ပါးအခြားမရှိ။ဒါတောင်ယနေ့အချိန်ထိ Bအုပ်စုမှ
ဇာတ်ကားရွေးချယ်မှုက သမာသမတ်ရှိနေသေးသည်။နောက်ပိုင်းရွေးချယ်မှုများလာသောအခါ လူသားများဖြစ်သည့်အတွက်အမှားများမှားလာနိုင်တော့မည်။ငွေလိုသောထုပ်လုပ်သူများမှလည်းလက်ရှိဝင်ငွေ၅၀%ခွဲယူနေရာမှသည်မိမိဇာတ်ကားကိုရွေးချယ်စေရန်မိမိရရှိမည့်ရာခိုင်နှုန်းကို အပြိုင်အဆိုင်လျော့ယူလာကြတော့မည်အခြေနေဖြစ်ပေါ်လာနိုင်ပေသည်။
ယခုတွင်မှုBအုပ်စုမှ ပြသမည့်ဇာတ်ကားများလျောက်လွှာတင်ထားသည်မှာ ဇာတ်ကား (၇၀) နီးပါးရှိလာပါသည်။ ဆင်ဆာကျပြီးသားပြသရန် ဇာတ်ကားပေါင်း (၂၀၀)နီးပါးဖြစ်သည်။Bအုပ်စုအတွက်ရွေးချယ်မည့်သူများလည်း ခေါင်းစားမည်ဖြစ်သည်ကိုကိုယ်ချင်းစာမိသည်။
ရုံပိုင်ရှင်ဒုက္ခ
************
ရုံပိုင်ရှင်ဒုက္ခကလည်းမသေးပေ။ ဇာတ်လမ်းဇာတ်အိမ်မကောင်းသောကား ပရိသတ်မကြိုက်သောကားများကိုပြသရသဖြင့်ဝင်ငွေနည်းသည့်အပေါ် ရုံကုန်ကျစရိတ်မကာမိမှာကိုလည်းစိုးရိမ်ရပြန်သည်။ပရိသတ်ကိုမိမိရုံထဲသို့လာရောက်ကြည့်ရှုရန်အတွက် အဖက်ဖက်မှကြိုးစားနေရင်းရုပ်ရှင်ရုံသို့မလာမှာကိုစိုးရိမ်သည်။သူလည်း နိုင်ငံရေး
ရာသီဥတု၊ဇာတ်ကားအခြေနေကိုဆုတောင်းနေရပြန်သည်။သူကတော့
ထုတ်လုပ်သူလောက်ဒုက္ခမကြီးပေ။ခုအခြေနေဆိုလျင် စင်ပေါ်ကနေ ဇာတ်ကားကောင်းများကိုခေါင်းခေါက်ရွေးရုံသာ။
(သိပ်လည်းမရေးရဲ ကိုယ့်ကားကိုမရွေးဘဲကျော်သွားမည်ကိုလည်း ကြောက်ရသေးသည်)
ကန့်လန့်ကာကြီးရယ်နေပါအုံးရိုက်လို့ကောင်းနေတုန်း
*******************************
ဒါကိုမည်ကဲ့သို့ဖြေရှင်းမည်လဲဆိုတာကို အဓိကတာဝန်ရှိသောသူများလစ်လျူရှုနေသကဲ့သို့တုတ်တုတ်မှမလှုပ်။ကားရိုက်ဆက်နေ၍ယနေ့ချိန်ထိခေါ်ယူညှိနှိုင်းခြင်းမရှိ။ဆွေးနွေးခြင်းအလျဉ်းမရှိ၊ပိုက်ဆံပေါလို့ရိုက်ကြတာရိုက်ပေါ့ဟုမျက်နှာလွှဲခဲပစ်ပုံစံလုပ်နေသကဲ့သို့ပင်။
ကန့်လန့်ကာကြီးရယ်နေပါအုံး ကလို့ကောင်းနေတုန်းပေါ့။
ဆင်ဆာတင်ဖို့စောင့်ဆိုင်းနေသည့်ဇာတ်ကား(၄၀)ကျော်။ဒါတောင်ယခုရိုက်နေ၊ကားဆက်နေသည့်ဇာတ်ကားများမပါဝင်ကြပေ။သေချာပိုင်နိုင်စွာထိန်းကျောင်းဖို့အချိန်ကျရောက်နေပါပြီ။ဇာတ်ကားထုတ်လုပ်သူများကိုလည်း ခေါ်ယူဆွေးနွေးသင့်ပေသည်။
အရှေ့တောင်အာရှနိုင်ငံများနှင့်ယှဉ်လျင်မြန်မာ့ရုပ်ရှင်ကြည့်ပရိသတ် အားပေးမှုအခြေနေကောင်းလွန်းနေသေးသည်။အခြားနိုင်ငံမှာပင်အလုပ်သိပ်မဖြစ်သော အနုပညာရှင်အချို့တောင် မျက်စိကျနေလျက်ရှိသည်။ထိုကဲ့သို့ အားပေးမှုမြင့်မားသောမြန်မာ့ရုပ်ရှင်ချစ် ပရိသတ်တွေ စိတ်မပျက်သွားအောင်လုပ်ဖ၊ို့ နိုင်ငံသားရင်းနှီးမြှပ်နှံထားသောလုပ်ငန်းရှင်များငွေကြေးအဆမတန်မဆုံးရှုးံစေဖို့အနုပညာနှင့်အသက်မွေးဝမ်းကြောင်းပြုလုပ်နေသူများအားလုံးအပေါ်တာဝန်ရှိပေသည်။
ထိုကြောင့် သန်းပေါင်းများစွာရင်းနှီးမြှပ်နှံခဲ့ပြီးသော၊ မြှပ်နှံနေသော
မြှပ်လတ္တံသောလုပ်ငန်းရှင်များကိုရုံတင်ရန်မှုများ၊စနစ်များကို သေချာစွာရှင်းလင်းပြောဆိုဖို့အချိန်ကျရာက်နေရုံသာမကကျော်လွန်နေပြီဖြစ်သည့်အတွက်ကိုတာဝန်ရှိသူများတွေ့ဆုံဆွေးနွေးရှင်းလင်းပြောကြားကြပါကုန်
Source: https://www.facebook.com/orchid.lay.9889/posts/1954402828138128