BEC-TERO TV

Live လွှင့်ပြီးချစ်သူကတခြားမိန်းကလေးနဲ့ လက်ထပ်သွားပြီလို့ ရင်ဖွင့်ခဲ့တဲ့ အိုင်းရင်းဇင်မာမြင့်ရဲ့ အချစ်ရေး

17 May 2017     1,986 Views


အဆိုတော် အိုင်းရင်း ဇင်မာမြင့် နဲ့ အဆိုတော် ကောင်းကောင်းတို့ အတွဲဟာ ချစ်သူတွေဖြစ်လာကြတာ ၈နှစ်ပြည့်တော့မှာလဲ ဖြစ်ပါတယ် ။ အိုင်းရင်းက ၁၆ရက်နေ့ ညနေ ၇နာရီခွဲ လောက်က Live လွှင့်ကာ သူမ နဲ့ ကောင်းကောင်း ပြတ်စဲခဲ့သည့် အကြောင်း ရင်ဖွင့်ခဲ့ပါတယ်။ အဆိုတော် ကောင်းကောင်းနဲ့ သူမချစ်သူအဖြစ်က လမ်းခွဲ ပြတ်စဲ ခဲ့တာ ခြောက်လကျော်ခန့်ရှိပြီဖြစ်ကြောင်းကိုလဲ ပြောသွားခဲ့ပါတယ်။

ကောင်းကောင်းမှာအခြား မိန်းကလေး တစ်ဦး နဲ့ လက်ထပ် သွားခဲ့ပြီဖြစ်ကြောင်း ၊ အဆိုပါ မိန်းကလေး၏ ကောင်းကောင်း ရဲ့ ရင်သွေးကို လွယ်ထားရသည့် အတွက် လက်ထပ် ယူရန် ဆုံးဖြတ် ခဲ့ခြင်း ဖြစ်ကြောင်း ၊ အခြား အမျိုးသမီး တစ်ဦး နဲ့ ပတ်သက်မှု ရှိကြောင်း ကို အရင် က လုံးဝ မရိပ်မိကြောင်း ၊ ခိုးပြေးသွားမှသာ သိရှိခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ အဆိုပါ အကြောင်းအရာ ကို ဘယ်သူ့ကိုမှ မပြောဘဲနေလာခဲ့ပေမဲ့ ပရိသတ်တွေ မေးမြန်းမှု များပြားလာတဲ့ အတွက် စိတ်မကောင်းစွာ နဲ့ ဖြေရှင်းရခြင်း ဖြစ်ကြောင်းလည်း သိရပါတယ် ။

Source:Sunday Journal

Photo & Video:Irene Fb


17 May 2017     1,986 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment