ချန်ပီယံလိဒ်ဗိုလ်လုပွဲ အတွက် HEINEKEN မှ အထူးအစီအစဉ်
12 May 2017 1,586 Views

HEINEKEN မြန်မာသည် ၎င်း၏ ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုတစ်ခုဖြစ်သည့် ‘Champion the Match’ အစီအစဉ်အား မြန်မာနိုင်ငံတွင် ယနေ့စတင်လိုက်သည်။၎င်း၏ UEFA Champion’s League ပြိုင်ပွဲအား စပွန်ဆာပေးခြင်း ၁၁ နှစ်ပြည့်မြောက်သည့် အထိမ်းအမှတ်အနေနှင့် HEINEKEN မြန်မာသည် ပြည်တွင်းမှ ဘောလုံးအားကစား ဝါသနာရှင်များအနေနှင့် ချန်ပီယံလိဂ် ဘောလုံးပွဲစဉ်များအား ၎င်းတို့၏ မိတ်ဆွေသူငယ်ချင်းများနှင့် အတူတကွ ကြည့်ရှုအားပေးနိုင်ရန်အတွက် ပျော်ရွှင်ဖွယ်ရာ ပါဝင်နိုင်မည့် အစီအစဉ်တစ်ခုအား မိတ်ဆက်လိုက်သည်။
“Champion the Match လို့ခေါ်တဲ့အစီအစဉ်နဲ့ ဘောလုံးပွဲကြည့်ရုံတင်မဟုတ်ဘဲ သူငယ်ချင်း အပေါင်းအပါတွေနဲ့ အပြည့်အဝ ပျော်ရွှင်မှုကို ရစေချင်တာ ဖြစ်ပါတယ်။ ဘောလုံးက မြန်မာနိုင်ငံမှာ နာမည်ကြီး အားကစားဖြစ်တဲ့ အတွက် Heineken® ချစ်သူတွေ အားလုံးကို ပွဲစဉ်တလျှောက် ချန်ပီယံတွေအဖြစ် သူတို့ကိုသူတို့ ထင်မြင်စေချင်ပါတယ်။” ဟု Leen De Schutter HEINEKEN Myanmar မှ Marketing Director ဖြစ်သူ Leen De Schutter မှ ပြောကြားခဲ့သည်။
Heineken® ၏ပရိုမိုးရှင်း အစီအစဉ်များနှင့် ဘောလုံးပွဲစဉ်ညများအား ပါဝင်ဆင်နွှဲခဲ့သည့် ဘောလုံးအားကစားဝါသနာရှင် ပရိသတ်များအနေနှင့် ချန်ပီယံလိဂ် ဖိုင်နယ်ပွဲစဉ်အား တိုက်ရိုက်ကြည့်ရှုနိုင်မည့် အစီအစဉ်အား တက်ရောက်ခွင့် ရရှိနိုင်ရန် ကံစမ်းနိုင်မည်ဖြစ်သည်။