ပရိသတ်ကြီး မဝယ်နိုင်မှာစိုးလို့ ကိုယ်ပိုင် Brand ပစ္စည်းမထုတ်ရဲပါဘူးလို့ ဆိုလာတဲ့ ဖြူဖြူကျော်သိန်း
10 May 2017 1,322 Views
နိုင်ငံကျော်အဆိုတော် ဖြူဖြူကျော်သိန်းက အခြားအနုပညာမောင်နှမတွေ ကိုယ်ပိုင် Brand တွေနဲ့ အလှကုန်၊ လူသုံးကုန်ပစ္စည်းတွေ ထုပ်လုပ်ရောင်းချနေချိန်မှာ သူမအနေနဲ့ ကိုယ်ပိုင် Brand ပစ္စည်းထုတ်လုပ်ပြီး မရောင်းချရတဲ့ အကြောင်းကို သူမရဲ့ ဖေ့စ်ဘွခ်စာမျက်နှာထက်ကနေ ဖြေကြားထားခဲ့ပါတယ်။
****************************
ခုတလောဖြူဖြူ့ကို မီဒီယာတွေက ဒီမေးခွန်းလေးခဏခဏမေးနေလို့... ပရိသတ်ကြီးလည်းသိချင်မယ်ထင်လို့... ဝေမျှပေးလိုက်ပါတယ်ရှင်..
မေး။ ။ ဖြူဖြူ့ အနေနဲ့ကိုယ်ပိုင်စီးပွားရေးလုပ်ဖို့နဲ့ကိုယ်ပိုင် Brand ပစ္စည်းထုတ်ဖို့ရှိမလားသိချင်ပါတယ်။
ဖြေ။ ။ အမှန်အတိုင်းဝန်ခံရရင်လေ.... ဖြူဖြူ့ ဘဝမှာ အလုပ်တတ်ဆုံးနဲ့ အမှတ်တရအဖြစ်ဆုံးကိုယ်ပိုင် Brand အမှတ်တံဆိပ်ပစ္စည်းကို ထုတ်လာခဲ့တာအနုပညာသက်တမ်း(၁၄)နှစ်ရှိပါပြီ။ အဲ့ဒါဘာလဲဆိုတော့..."ဖြူဖြူကျော်သိန်း" ဆိုတဲ့နာမည်လေးနဲ့ ထုတ်တဲ့သီချင်းတွေ၊ တစ်ကိုယ်တော်အခွေလေးတွေပါ။
ဖြူဖြူ ကိုယ်စွမ်း၊ ဉာဏ်စွမ်း၊ အနုပညာအစွမ်း၊ ပါရမီစွမ်း ၊ ငွေစွမ်း၊ လူအင်အားအစွမ်း၊ အချိန်စွမ်း ရှိသမျှပေးပြီးအကောင်းဆုံးထုတ်ခဲ့တဲ့ပစ္စည်းလေးတွေပါ။
အဲဒီ့ပစ္စည်းလေးတွေကတစ်ချပ်ကို (၂၅၀၀)ကျပ်၊ (၃၀၀၀)ကျပ်ပဲတန်ပါတယ်ရှင့်။
ဒါကိုတောင်မှတစ်နိုင်ငံလုံးအင်အားနဲ့ကြည့်မယ်ဆိုပရိတ်သတ်အများစုက ဝယ်နိုင်တဲ့အင်အားမရှိရှာဘူးရှင့်။
ဆိုတော့ကာ.... ဒီထက်ဈေးကြီးတဲ့ပစ္စည်းတွေထုတ်မယ်ဆို ပရိတ်သတ်ကဝယ်နိုင်ပါ့မလား?...... သိပ်များနှိပ်စက်ရာကျမလား?...လို့ ကိုယ့်တယောက်တည်းအမြင်နဲ့ စဉ်းစားမိပါတယ်။ စီးပွားရေးလုပ်တတ်တဲ့အနုပညာညီအစ်ကိုမောင်နှမတွေကို လေးလည်းလေးစားတယ်..... အားလည်းကျပါတယ်။
ဒါပေမယ့် ကိုယ့် brand name နဲ့ထုတ်တဲ့ ဒီအခွေလေးကိုတောင်မှ လူအများစုကဝယ်နိုင်ရှာကြတာမှမဟုတ်တာ။
အမှန်အတိုင်းပြောရရင်ဒီအခွေဆိုတာကဈေးအပေါဆုံးပဲလေ။
တခြားပစ္စည်းတွေဆိုရင်ကုန်ကြမ်းကအစ နိုင်ငံခြားကသွင်းရမယ်။ ဘယ်ပစ္စည်းမဆို(၂၅၀၀)ကျပ် ၊ (၃၀၀၀)ကျပ် ထက်ဈေးကြီးမှာအမှန်ပဲ။
ဒါကြောင့် ဖြူဖြူ မလုပ်ရဲဘူးရှင့်…
လို့ ဖြေကြားရေးသားထားခဲ့ပါတယ်။ ပရိသတ်ကြီးအနေနဲ့ ဖြူဖြူကျော်သိန်းရဲ့ Brand ပစ္စည်းအစစ်တွေကို တစ်ကယ်အားပေးချင်တယ်ဆိုရင်တော့ နီးစပ်ရာ ဆိုင်တွေကနေ ဖြူဖြူကျော်သိန်းရဲ့ အမှန်အကန်(ခိုးကူးခွေမဟုတ်) တေးစီးရီးအယ်လ်ဘမ်တွေကို ဝယ်ယူအားပေးနိုင်ကြပါပြီ။
Credit: Phyuphyukyawthein Facebook