မြန်မာပြည်သိန်းတန်၏ “အန်ကယ်က No ပါ.. မအားသေးဘူး” တေးစီးရီးခွေ မိတ်ဆက်ပွဲ
10 May 2017 2,000 Views

မြန်မာပြည်သိန်းတန်၏ တေးအယ်လ်ဘမ်သစ် “အန်ကယ်က No ပါ.. မအားသေးဘူး” တေးစီးရီခွေ မိတ်ဆက်နှင့် အရောင်းပွဲကို မေလ ၁၀ ရက်(ယနေ့) ညနေပိုင်းတွင် Happy Zone မိသားစုအပန်းဖြေကစားကွင်းတွင် ပြုလုပ်မည်ဖြစ်ကြောင်း သိရှိရသည်။

ရတနာမြိုင်တေးထုတ်လုပ်ရေးက စီစဉ်ပြီး တေးရေး၊ တေးဆို မြန်မာပြည်သိန်းတန်၏ “အန်ကယ်က No ပါ.. မအားသေးဘူး” တေးစီးရီးအရောင်းပွဲကို မေလ ၁၀ ရက်နေ့တွင် ညနေ ၃ နာရီမှ ၅ နာရီထိ ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင်အတွင်းရှိ Happy Zone မိသားစုအပန်းဖြေကစားကွင်တွင် ပြုလုပ်သွားမည်ဖြစ်ပြီး တေးသံရှင် မြန်မာပြည်သိန်းတန်ကိုယ်တိုင် အမှတ်တရလက်မှတ်ရေးထိုးခြင်းနှင့် သီဆိုဖျော်ဖြေမှုများကို ပြုလုပ်သွားမည်ဖြစ်သည်။
source: Happy Zone Amusement Park
photo: အေးဇော်မိုး(စက်မှု)