ဖက်ရှင်ကို မထိန်းသိမ်းမိရင်ဒီထက်ပိုဆိုးနေပြီ လို့ ပြောလိုက်တဲ့ ရွှေအိမ်စည်
09 May 2017 1,408 Views
မော်ဒယ်လောကမှာကော အလှမယ်လောကမှာကော နေရာတစ်နေရာ ရနေတဲ့ ရွှေအိမ်စည်ကသူမရဲ့ ဖက်ရှင် တွေနဲ့ ပတ်သတ်ပြီး လူအများ စိတ်ဝင်စားခြင်းကို အများဆုံး ခံရပါတယ်။ ဖက်ရှင်အ၀တ်အစားပိုင်းနဲ့ ပတ်သတ်ပြီး ဝေဖန်မှုတွေရှိသလို အားပေးကြတဲ့ ပရိတ်သတ်တွေ ရှိကြပါတယ် ။
ဝေဖန်မှုတွေ အပေါ်လဲ ရွှေအိမ်စည်က ပရိတ်သတ်အမြင်မရိုင်းအောင် အ၀တ်အစားပိုင်းနဲ့ ပတ်သတ်ပြီး Miss တစ်ယောက်အနေနဲ့ အ၀တ်အစားပိုင်းမှာ ဆင်ခြင်ရမယ်ဆိုတာ လက်ခံပါတယ် ။ ဒါပေမယ့် bikini နဲ့တောင် စင်ပေါ်မှာ လျှောက်နေကြတာပဲ လေ။ ပေါ်ပေါ်လော်လော်တော့ မနေနဲ့ပေါ့နော် ။ Myanmar Culture ကို အတိုင်းအတာ တခုအထိလေးစားပါတယ် ။အမြဲ ဆင်ဆင်ခြင်ခြင်နေပါတယ်။
အိမ်စည်ရဲ့ ဖက်ရှင်ပေါ်ကို အမြင်မကြည်လင်တဲ့ သူက culture ကို အလေးထားတဲ့ သူတွေလည်းဖြစ်တယ် ။ pageant ပိုင်းကိုလဲ ဆန့်ကျင်တဲ့ သူလို့ မြင်တယ် ။အိမ်စည်နားလည်ပါတယ် မြန်မာနိုင်ငံရဲ့ culture အရကို ၀တ်စားတာတွေ စင်ပေါ်မှာ ချွတ်ပြီးတော့ လမ်းလျှောက်နေကြတာတွေ ဘယ်သူမှ အမြင်မကြည်ကြဘူး ။ တဖြည်းဖြည်း အားပေးလာတဲ့ သူတွေ ရှိသလို လက်မခံနိုင်သေးတာတွေလဲ ရှိတယ် ။ အမြင်တော့ မတူကြပါဘူး ။
လူတိုင်းက အိမ်စည်ကို မြင်ချင်တဲ့ ပုံ စံမျိုးနဲ့ မြင်လို့ရပါတယ်။ အိမ်စည်ကတော့ ကိုယ်လုပ်တဲ့ အလုပ်ကို အကောင်းဆုံး ရှေ့ဆက်သွားမှာပါ ။ အ၀တ်အစားပုံစံ နဲ့ ပတ်သတ်ပြီးတော့လည်း အရမ်းကို ညှိရအရမ်းကို ထိန်းသိမ်းရပါတယ်။ မထိန်းသိမ်းရင် ဒီထက်ပိုဆိုးနေပြီ လို့ ပြောသွားခဲ့ ပါတယ်။
Credit:Oasis