BEC-TERO TV

လေဖြတ်နိုင်ခြေရှိရှိမရှိ အလွယ်ကူဆုံး ချက်ခြင်းစမ်းသပ်သိရှိနိုင်မည့်နည်းလမ်း

09 May 2017     1,646 Views


လေဖြတ်သည်ဆိုသော အခြေအနေသည် ဦးနှောက်ကျန်းမာရေး ချို့ယွင်းမှုကြောင့် အဖြစ်များတတ်ပြီး ယင်းမှာ သွေးကြောငယ်လေးများ ထိခိုက်ခြင်းနှင့် သွေးထွက်ခြင်းတို့ကြောင့် ဖြစ်နိုင်ကြောင်း လေ့လာတွေ့ရှိခဲ့ရသည်။
 
အသက်အရွယ်ကြီးသူများအနေနှင့် ခြေထောက်တစ်ဖက်တည်းပေါ်တွင် စက္ကန့် ၂၀ ကြာဟန်ချက်ညီညီ ရပ်နိုင်ရန် ကြိုးစားရလေလေ၊ လေဖြတ်နိုင်ခြေ ပိုများလေဖြစ်ကြောင်း အမေရိကန်သုတေသီများက တွေ့ရှိခဲ့ကြသည်။
 
အမေရိကန် နှလုံးအဖွဲ့အစည်းက ပျှမ်းမျှအားဖြင့် အသက် ၆၇ နှစ်အရွယ်ရှိ အမျိုးသမီး ၈၄၁ ဦးနှင့် အမျိုးသား ၅၄၆ ဦးကို ခြေထောက်တစ်ချောင်းတည်းပေါ်တွင် မတ်တပ်ရပ်စေခဲ့ပြီးနောက် ဦးနှောက်ကို စကင်ဖတ်ကာ လေ့လာမှုများပြုလုပ်ခဲ့သည်။
 
အဆိုပါလေ့လာမှုကို ဂျပန်နိုင်ငံ တိုကျိုတက္ကသိုလ်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး တက္ကသိုလ်မှ တွဲဖက်ပါမောက္ခ ယာစူဟာရုက “ခြေထောက်တစ်ချောင်းတည်းပေါ်မှာ ဟန်ချက်ညီညီ ရပ်နိုင်စွမ်းရှိက ဦးနှောက်ကျန်းမာရေးအတွက် အရေးပါတဲ့ စမ်းသပ်နည်းတစ်ခုဖြစ်ပါတယ်။ ခန္ဓာကိုယ်ဟန်ချက်မညီတဲ့သူတွေက ဦးနှောက်ရောဂါနဲ့ တွေးခေါ်မြော်မြင်နိုင်စွမ်း ကျဆင်းတဲ့ အခြေအနေတွေကို ဖြစ်နိုင်ချေများစေပါတယ်” ဟုပြောကြားခဲ့သည်။
 
ခြေထောက်တစ်ချောင်းတည်းပေါ်တွင် မတ်တပ်ရပ်ခြင်းသည် ကိုယ်နေဟန်ထား တည်ငြိမ်မှုရှိ၊ မရှိကိုတိုင်းတာသော ရိုးစင်းသည့် နည်းလမ်းဖြစ်ပြီး မည်သူမဆို လွယ်ကူစွာ စမ်းသပ်နိုင်သော နည်းဖြစ်ပါသည်။
 
Ref:Internet
 
 

09 May 2017     1,646 Views




RELATED

Most Popular of Health Fix

Most Popular of Life Style