အိန္ဒြာကျော်ဇင် ရဲ့ ၀ိတ်ချနည်း
09 May 2017 1,681 Views
ကလေးနှစ်ယောက် အမေ ဖြစ်ပေမယ့် အခု အချိန်ထိလှပနေတဲ့ အူဝဲကတော့ သူမ ရဲ့ မပြောင်းလဲ တဲ့ body နဲ့ပတ်သတ်ပြီး ပြောသွားခဲ့ ပါတယ်။ သားနဲ့ သမီးရလာပြီးမှ ကားရိုက်တွေလဲ ကျဲသွားခဲ့ ပြီးအဓိကကတော့ ကလေးနှစ်ယောက် အတွက်အချိန်ပိုပေးဖြစ်နေတယ်လို့ ပြောထားပါတယ်။
ဓာတ်ပုံရိုက်ကြော်ငြာရိုက်ဖွင့်ပွဲတွေတော့ လုပ်ဖြစ်ပါတယ်။ ကားရိုက်တွေကို လဲ ကလေးတွေ ကျောင်းပိတ်တဲ့ အချိန်ကိုပဲ ရက်ယူထားတယ် ။ဇာတ်ကားရိုက်ရာမှာလဲ ကိုယ်လဲ ကြိုက်ပရိတ်သတ်လက်ခံနိုင်မယ့် ဇာတ်ကားတွေပဲ ရွေးရိုက်ဖြစ်တယ် ။Gym တော့ဆော့ဖြစ်ပေမယ့် ကလေးနှစ်ယောက်ကိုလိုက်ထိန်းနေရတာတင် ၀ိတ်က အလိုလိုကျနေတာပါ ။
ရုပ်ရှင်ပရိုဂျုဆာ အပြင်အခြားစီးပွားရေးတွေလဲ စဉ်းစားထားပေမယ့် ပရိုဂျူဆာအလုပ်ဆို တအားစိတ်ဝင်စားတယ် လို့ ပြောထားပါတယ်။ သုန္ဒြာထုတ်လုပ်ရေးကနေ မေ ၄ရက်နေ့မှာ ပြင်ဦးလွင်မှာ ကားရိုက်ဖို့ ရှိပြီး ရန်အောင် ၊ ပြေတီဦး ၊ စိုးမြတ်သူဇာ ၊ ခိုင်သင်းကြည် တို့ ပါဝင်မှာ ဖြစ်ပြီး သူန္ဒြာထုတ်လုပ်ရေးရဲ့ တတိယမြောက်ကားလဲ ဖြစ်ပါတယ်။
Sourse:Oasis