BEC-TERO TV

ဗီလိန်တစ်ယောက်ဖြစ်ရတဲ့ခံစားချက်တွေ ဖွင့်ချလိုက်တဲ့ မေပန်းချီ

09 May 2017     1,423 Views


“(Ok ကျွန်မဗီလိန်)
အော်
ဗီလိန်နေရာလဲ အနုပညာပါပဲ
ပီပြင်ရင် ပရိတ်သတ် အမြင်ကပ်တယ်
မပီပြင်ရင်ဒါရိုက်တာဆဲမယ်
ကြိုးဆွဲရာကရပါတယ်
မိန်းမပျက်လဲလုပ်ရသလိုသူဌေးသမီးလဲလုပ်ရပါတယ်
ပဲပြုတ်သည်လုပ်ရသလို ကျောင်းဆရာမလေးလဲ လုပ်ရပါတယ်
အားလုံးဟာအနုပညာပါ
မြန်မာတွေရဲ့မျက်လုံးအရ ဗီလိန်နေရာက သရုပ်ဆောင်ပီပြင်နေရင် သေသည်အထိ ဗီလိန်လို့မြင်ကျမယ်
Page တစ်ခုအောက်ရဲ့အင်တာဗျူးမှာ ပြန်ရှဲဖို့
လက်လျှော့လိုက်ရတယ် cm တွေကြောင့်
ထားလိုက်ပါ
ကျွန်မကျရာဇာတ်ရုပ်မှာ အကောင်းဆုံးလုပ်ပါတယ်
ကာရိုက်တာအပေါ်မှာ ရူးသွပ်မူ့100%စိတ်နူစ်တယ်
အနုပညာနဲ့ပတ်သက်ပြီး ကျွန်မစိတ်ရှည်တယ်
ဒါရိုက်တာကျေနပ်မှုရှိအောင်ကျွန်မကြိုးစားတယ်
အချိန်တိကျမှုရှိအောင်ကျွန်မကားမရှိခင် အချိန်ထဲကလိုင်းကား Taxi စီးပြီး ရူတင်အရောက်လာတယ်
အားလုံးကိုလေးလေးစားစား ဆက်ဆံတယ်
ပရိတ်သတ်တွေပြောလိုက်မယ် သူများရည်းစားလု
သူများမယားငယ်လုပ် ဒီကာရိုက်တာတွေအပြင်မှာလဲ
တကယ်ရှိပါတယ်ရှင့်
သဏ္ဍာန်လုပ်သရုပ်တူဆိုတဲ့ စကားလဲကြားဖူးမှာပေါ့
ကျွန်မတို့အနုပညာသမားတွေ ကျရဇာတ်ရုပ်မှာ အကောင်းဆုံး အတတ်နိုင်ဆုံးကြိုးစားပါတယ်
ဗီလိန်နေရာပီပီပြင်ပြင်လုပ်တော့လဲပြောလိုက်တာ စုံလို့ သေချာတာက အပြင်မှာဗီလိန်မဖြစ်ဖို့ အရေးကြီးပါတယ်
သူများသားသမီးစော်ကားတဲ့အခန်းရိုက်တဲ့ လူကြမ်းကြီးတွေလဲ သူတို့မိသားစုရဲ့ ဖခင်ကောင်းအိမ်ထောင်ရှင်ကောင်း တစ်ယောက်ပါပဲ

သားသမီးတွေအတွက်ဟီးရိုးကြီးတွေပါပဲ ပုတီးလက်ကမချတဲ့ လူကြမ်းကြီးတွေ အများကြီးပါ
အမြင်ကျယ်ပါ
အနုပညာကို အနုပညာအမြင်နဲ့ကြည့်ပါ
ဗီလိန်တစ်ခုထဲ သရုပ်ဆောင်နိုင်တာ မဟုတ်ဘူးရှင့်
တခြားကာရိုက်တာတွေလဲ လုပ်နိုင်ပါသေးတယ်
အခွင့်အရေးမရလို့ပါ အခွင့်အရေးရခဲ့တဲ့ ဇာတ်ကားတွေမှာလဲ အကောင်းဆုံး သရုပ်ဆောင်ခဲ့ပါတယ်
ဗီလိန်သရုပ်ဆောင်လို့ အားမပေးလဲ ဝမ်းမနည်းပါဘူး
ထိုင်ဆဲနေတော့ရော ဘာများရပါသလဲ
ဗီလိန်မဟုတ်တဲ့ ဇာတ်နာတဲ့ကားတွေမှာရော သရုပ်ဆောင်တာပီပြင်ခဲ့ရင်ဘာလို့များ မချီးကျူးကျပါသလဲ??
အားလုံးဟာဇာတ်လမ်းအရပါ
ကျွန်မရတဲ့အခွင့်အရေးမှာ အကောင်းဆုံးကြိုးစားပါတယ်ရှင့် ဗီလိန်ဇာတ်ရုပ်နဲ့ကျွန်မကိုမှတ်မိရင် ဒါကျွန်မကြိုးစားတာ အရာထင်လို့ပဲ
အပြင်မှာဗီလိန်ဖြစ်နေတဲ့သူတွေ အများကြီးပါ ပဲ

ကျွန်မခလေးအမေနေရာကရိုက်ရလဲ ကျွန်မအကောင်းဆုံး ကြိုးစားပါတယ် KTV က မိန်းခလေးနေရာက သရုပ်ဆောင်ရလဲ အကောင်းဆုံး ကြိုးစားပါတယ်
သနားစရာကောင်းအောင်လဲ လုပ်တတ်သလို လူအမြင်ကပ်အောင်လဲ လုပ်တတ်တယ်
လူတွေငိုအောင်ဟန်ဆောင်တတ်သလို လူတွေရီအောင်လဲ ဟန်ဆောင်တတ်တယ်
ရွေးချယ်ပိုင်ခွင့်တွေ အများကြီးမရခဲ့လို့ပါ

အနုပညာကိုရူးသွပ်တယ် ရတဲ့အခွင့်အရေးကိုရသလို အကောင်းဆုံးအသုံးချတယ်
သရုပ်ဆောင်ခြင်း ဟန်ဆောင်ခြင်းကို ကျွန်မအနုပညာအလုပ်အတွက်ပဲ အသုံးချပါတယ်
အပြင်လောကမှာ ကျွန်မအသုံးမချပါဘူး
နောက်အဝတ်အစားပိုင်း ကျွန်မ တတ်နိုင်ဆုံးသလောက်ထိန်းသိမ်းပြီးဝတ်ပါတယ် အပြင်လောကမှာ ကျွန်မတို့ထပ်ဆိုးတဲ့ ဝတ်စားဆင်ယင်မူ့တွေ အများကြီးပါ ဂျာနယ်ကာဗာတွေ အင်တာဗျူတွေတိုင်းမှာ ထဘီနဲ့ရင်ဖုံးပဲ ဝတ်လို့မရပါဘူး အနုပညာအသိုင်းအဝိုင်းထဲက မဟုတ်တဲ့မိန်းခလေးတွေရော အမြဲတမ်းမြန်မာဝတ်စုံ ဝတ်ပါသလားး??
အခြေအနေအချိန်အခါ အနေအထားအရ ဝတ်ဆင်တာကို အမြင်ကျယ်ပါ ကျေးဇူးပြုပြီး အလွန်အကျွံဖြစ်နေရင်ဆဲပါဆိုပါ ဝေဖန်ပါ'

Ok ကျွန်မဗီလိန်တစ်ယောက်ပါး” လို့ သူမရဲ့ ဗီလိန်ဖြစ်ရတဲ့ ခံစားချက်တွေကို ဖွင့်ဟထားပါတယ်။

မေပန်းချီရဲ့ အနုပညာစစ်စစ်ကို ချစ်တဲ့ပရိသတ်တွေအများကြီး ရှိတာမို့ စိတ်ညစ်မနေဘဲ ဆက်လက်ကြိုးစားပါလို့ အားပေးပါရစေ…

Source : မေပန်းချီ ဖေ့စ်ဘွတ်


09 May 2017     1,423 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment