ကိုယ့်ကိုယ်ကိုယ် အပြစ်တင်နေတဲ့ ချမ်းချမ်း
08 May 2017 1,475 Views
ပြည်သူချစ် နာမည်ကျော် တေးသံရှင် ချမ်းချမ်းတစ်ယောက် သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ကိုယ့်ကိုယ့်ကိုယ် အပြစ်တင်တဲ့ စာသားအချို့ ရေးသားထားတာကိုတွေ့ရပါတယ်။ ဘယ်သူ ဘယ်ဝါရယ်လို့ အတိအကျမပါပေမယ့် ချမ်းချမ်းတစ်ယောက် အတော်လေး စိတ်မကောင်းဖြစ်နေပုံရပါတယ်။
“သူစိတ်ညစ်နေတာတွေ...မပျော်တာတွေဟာ ကိုယ့်ကြောင့်လို့သိလိုက်ရတဲ့အခါ..
သူ့ကိုစိတ်ဓာတ်တွေ ပျက်စီးကျဆင်းစေတာ..ကိုယ့်ကြောင့်လို့..သိလိုက်ရတဲ့အခါ...ကိစ္စတခုရဲ့ ..ဘာကြောင့်သူဒီလိုတွေဖြစ်နေရလဲဆိုတာ အဖြေတခု သိလာရတယ်...
ကိုယ်ဟာမင်းကိုအပူပင်တွေမပေးခဲ့မိဘူးလို့ ထင်ထားခဲ့တာ...ကိုယ့်ကြောင့် မင်းဒီလောက်ထိ ဖြစ်သွားလိုက်မယ်လို့ မထင်မိတဲ့အခါ..
အရာအားလုးံအတွက်စိတ်မကောင်းဘူး...ကိုယ်ရှိနေခြင်း...ကိုယ်တွေးနေခြင်းတွေ..ကိုယ့်အယူအဆတွေဟာ မင်းအတွက်စိတ်အနှောက်အယှက် ဖြစ်စေတာကို တကယ်မသိခဲ့ဘူး..
ဒီနေ့ကစပြီး...သူဖြစ်စေချင်သလိုနေမယ်လို့ ဆုံးဖြတ်လိုက်ပီ..သူစိတ်ချမ်းသာပါစေ...လိုအပ်လို့ အဝေးထွက်သွားဖို့လိုလာရင်တောင် မေးခွန်းတစုံတခုမမေးပဲ ထွက်သွားပေးမယ်...
သူခံစားနေရတာနှစ်နဲ့တွက်ရင် ၃နစ်လောက်တောင်ပေါ့.. တကယ်စိတ်မကောင်းပါဘူး...ကိုယ့်ကြောင့်မင်းထွက်ပေါက်တွေမရှိဖြစ်နေခဲ့တာ....မင်းရင်မဖွင့်ခဲ့ပေမဲ့ ဒီနေ့ကိုယ်သိလိုက်ရတယ်....မင်းသိပ်ပင်ပန်းနေတယ်ဆိုတာ...ကိုယ့်ကြောင့်...ကိုယ့်ကြောင့်” လို့ ရေးသားထားပါတယ်။
ချမ်းချမ်းဟာ မေလ (၄) ရက်နေ့က နန့်စမ်မှာရှိတဲ့ သဘာဝတရားရိပ်သာ မိဘမဲ့ကျောင်းမှာ ကလေးတွေအတွက် အလှူငွေ တစ်သိန်း၊ အအေးနဲ့ မုန့်များ ဒါနပြုခဲ့ပြီး ကလေးတွေကို ပျော်အောင်အားပေးစကားပြော ၊ သီချင်းတွေဆိုပြခဲ့ပါတယ်။ ကလေးတွေအတွက်လဲ “ဖြစ်လေရာဘ၀တိုင်း မိသားစုနဲ့ မခွဲမခွနေရပါစေ” လို့ဆုတောင်းစကား ဆိုခဲ့ပါသေးတယ်။
စိတ်ထားလေးကောင်းသလို အဆိုကောင်းတဲ့ ချမ်းချမ်း စိတ်ဆင်းရဲစရာတွေဝေးလို့ ပျော်ရွှင်ခြင်းတွေအမြန်ရရှိပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
Source : ချမ်းချမ်း ဖေ့စ်ဘွတ်