နောက်ဆုံးပုံတင်တာပါဆိုတဲ့ မေပန်းချီ
08 May 2017 2,647 Views
မေပန်းချီက ပြောင်းလဲမှုတချို့နဲ့ ပရိသတ်ဆီ ပြန်လာဖို့ ပြင်ဆင်နေပုံရပါတယ်။ ဆယ့်ငါးရက်လောက် ပုံမတင်ဘဲ ပျောက်နေမယ့် သဘောမှာရှိတဲ့ မေပန်းချီ ဘယ်လိုပြုပြင်ပြောင်းလဲမှုတွေနဲ့ ပြန်လာမလဲဆိုတာ မေပန်းချီ ပရိသတ်တွေအတွက် ရင်ခုန်စရာပါပဲ။
“ကဲ … ကဲ ချစ်ဆုံးတို့ Morning ပါ ချစ်ဆုံးတို့ရေ … အေးချမ်းပါစေ … သာယာပါစေ … ကြီးပွားပါစေ … အန္တရာယ်ကင်းပါစေ…ဒါ ပန်းချီ ဒီရက်ပိုင်းနောက်ဆုံးတင်တဲ့ပုံပါ … (၁၅) ရက်လောက်ပျောက်မယ်… သတိရပေးကြပါ…ပြောင်းလဲမှုတစ်ချို့နဲ့ပြန်လာမယ်…Love U All …ပုံမတင်လို့ မေ့မသွားကျပါနဲ့ … ငိုမှာနော်” လို့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။
အလွမ်းပြေကြည့်ဖို့ မေပန်းချီ တင်ပေးထားတဲ့ ပုံလေးတွေပါ...
မေလ ၆ ရက်နေ့ကလဲ သူပထမဦးဆုံးသွေးလှူခဲ့တဲ့ ကလေးလေး ဆုံးသွားလို့ မေပန်းချီတစ်ယောက် ၀မ်းနည်းနေပုံရပါတယ်။ သူ့စာမျက်နှာမှာလဲ “အော် ခလေးရယ် … အကြွေစောလိုက်တာ … ဘ၀မှာ မှတ်မှတ်ရရ ပထမဦးဆုံးအကြိမ် ကိုယ့်သွေးကို လှူခဲ့ဖူးတဲ့ ခလေးလေး … လိမ္မာသိတတ်မှုလဲ ရှိလိုက်တာ …သူ့ကိုသွေးလှူခဲ့လို့ ထိုင်ကန်တော့ရှာတယ် … အခုတော့မရှိတော့ဘူးတဲ့လား … တစ်ခါပဲ ဆုံဖူးလိုက်ပေမယ့် သိလိုက်ရတဲ့အချိန် ဆွံ့အသွားတယ် ခလေးရယ် … မင်းငယ်လွန်းပါသေးတယ်… ရင်ထဲဆို့နစ်သွားတာပဲ … ကောင်းရာဘုံဘ၀ကို ရောက်ရှိမှာပါ ခလေးရေ…” လို့ ရေးသားထားတာကို တွေ့ရပါတယ်။
လူလေးလှသလို စိတ်ထားလေးလဲလှတဲ့ မေပန်းချီကို စောင့်ပြီး အားပေးကြပါဦးနော်…
Source : မေပန်းချီ ဖေ့စ်ဘွတ်
Photo Credit : Thein Zaw Win