BEC-TERO TV

Over confidence လို့ ပြောကြတဲ့ အပေါ်ပြန်လည်တုံ့ပြန်လိုက်တဲ့ ရွှေအိမ်စည်

05 May 2017     1,307 Views


ယုံကြည်မှုဆိုတာ အရမ်းအရေးပါတဲ့ အရာတစ်ခုပါ ။တခြားသူတွေ အတွက်တော့မသိပါဘူး ။ ရွှေအိမ်စည်အတွက်ကတော့ ယုံကြည်မှုကအရမ်းအရေးကြီးတဲ့ အရာတစ်ခုပါ ။ယုံကြည်မှုနဲ့ ပတ်သတ်လာရင်အရမ်းကို စိတ်ထက်သန်တယ်။ ယုံကြည်မှုဆိုတာကလည်း အခြားအရာတွေထက် ကိုယ့်ကိုယ် ကို ယုံကြည်မှုရှိတာပါ ။တခြားအဆောင်လက်ဖွဲ့တွေ မယုံကြည်တတ်ဘူး။ကိုယ်လုပ်တြ့ လုပ်ရပ်နဲ့ ကိုယ့် အပြုအမူအပေါ်လည်းယုံကြည်တယ်။ တချို့ကားဝယ်ရင် ဘာအရောင် ၊ ဘယ်လိုလုပ်ရတယ်။ ဘာကိုဆောင်သင့်တယ် အဲ့ဒါမျိုးတွေ ရှိကြတယ်။ ကျွန်မမှာအာ့ဒါမျိုးတွေ မရှိဘူး ကိုယ်လုပ်တာကောင်းတာဆိုးတာ ကိုယ့်ဘာသာပဲ ကိုယ်ခံမယ်။

Self-confidence ကိုပဲ ဦးစားပေးတယ်။ ကိုယ့်ကိုကိုယ် ယုံကြည်မှု ရှိအောင်လုပ်တယ် ။ပရိတ်သတ်တွေကပြောကြတယ် ရွှေအိမ်စည်က မျက်နှာတင်းတယ် confidence အပြည့်ရှိတယ် ။သူတို့က အဲ့ဒါကိုကြိုက်ကြတယ် ။ကျွန်မကိုယ်တိုင်ကလဲ အဲ့ဒါကိုလုပ်ယူနေတာမဟုတ်ပဲ နဂိုကတည်းက အဲ့ဒိပုံစံ ဖြစ်နေတယ် ။

ငယ်ငယ်က နိုင်ငံခြားမှာကျောင်းတက်ခဲ့ ရတယ်။ အဲ့ဒိအချိန်တည်းက Self-confidence ရအောင်ယူခဲ့ တယ်။ ကိုယ်ကိုကိုယ်ယုံကြည်မှုရှိတာကို သဘောကျတယ် ။မိန်းကလေးအတွက်လည်း ပိုပြီးလိုအပ်ပါတယ် ။ လူတိုင်းက ကိုယ့်ယုံကြည်မှုနဲ့ ကိုယ်တော့ ရှိတတ်ကြတယ်။ ဒါပေမယ့် ကိုယ်ယုံကြည်တာကို သူများကို အတင်းယုံကြည်ပါဆိုပြီး ပြေယလို့ မရဘူးလေ။ ပြိုင်ပွဲတွေပြိုင်တယ် အဓိက ကတော့ ကိုယ်ပိုင်ယုံကြည်မှုကြောင့်လည်းပြိုင်ဖြစ်တာပါ ။

တချို့တွေက over confidence လို့ပြောနေကြတာပြန်ကြားမိတယ်။ Confience ဆိုတာက ယုံကြည်မှုပါပဲ ။ တခြားအရာတွေနဲ့ ပတ်သက်လို့ယုံကြည်မှုလွန်ကဲသွားရင်ပဲ မကောင်းတာပါ ။ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိတာက ဘယ်လိုပဲ ဖြစ်နေပါစေ ကောင်းတယ်လို့ ထင်ပါတယ်လို့ ပြောသွားခဲ့ ပါတယ်။

 

Credit:Oasis

 

MYANMAR's GOT TALENT 2017 ပါရမီရှင်ရွေးပွဲကြီး ပြန်လာပါပြီ

ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ ထူးထူးခြားခြား အစွမ်းတွေကို ယှဉ်ပြိုင်ပြသမယ့် MYANMAR's GOT TALENT 2017 အစီအစဉ်ကို လာမယ့် မေလ(၇)ရက် (တနင်္ဂနွေနေ့)မှာ MRTV-4 ရုပ်သံလိုင်းမှ စတင်ထုတ်လွှင့်တော့မည်ဖြစ်လို့ စောင့်မျှော်ကြည့်ရှူ့နိုင်ပါပြီ..။


05 May 2017     1,307 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment