Emily By Eint Chit အမည်နဲ့ အကျီင်္ဆိုင်ဖွင့်လိုက်တဲ့ အိမ့်ချစ်
05 May 2017 1,319 Views
အွန်လိုင်းကနေပဲ အွန်လိုင်း ရှော့ပင်းအနေနဲ့ စတင်ရောင်းချခဲ့ တဲ့ အဆိုတော် အိမ့်ချစ် ရဲ့ Emily By Eint Chit Brand ကို အခုဆိုရင် အကျီင်္ဆိုင်ဖွင့်လှစ်လိုက်ပြီလဲ ဖြစ်ပါတယ်။ အွန်လိုင်းမှာစတင်ရောင်းချတဲ့ အချိန်ထဲက ပရိတ်သတ်အားပေးမှု အခိုင်အမာ ရရှိခဲ့ ပါတယ်။ အကိုနဲ့ အတူ Moblie ဆိုင်ရဲ့ အပေါ်ထပ်မှာ ဖွင့်လှစ်ထားတာ လဲ ဖြစ်ပါတယ်။
အကျီင်္တွေကို ဆိုင်စဖွင့်တဲ့ အနေနဲ့ မေလ ၄ ရက်နေ့ကနေ ၇ ရက်နေ့ အထိ ၅၀ရာခိုင်နှုန်း ဈေးလျှော့ပေးထားမှာ ဖြစ်ပြီး အကျီင်္တွေကတော့ တစ်သောင်းကျော်ကနေ စရှိပြီး ၂သောင်းမကျော်သေးပါဘူးလို့ ပြောသွားခဲ့ ပါတယ်။ လက်ရှိမှာတော့ အကျီင်္ ဒီဇိုင်း ၁၀ မျိုးထွက်ရှိထားပြီး ၃လတစ်ခါလောက်တော့ အသစ်ထွက်နိုင်အောင်ကြိုးစားသွားမယ်လို့ လဲ ပြောထားပါတယ်။
အနုပညာ ကိုကော စီးပွားရေးကို ကော ၂ခုလုံးကို လုံးဝ မလျှော့ပဲ လုပ်သွားမှာပါလို့ လဲ ပြောထားပါတယ် ။ Emily By Eint Chit Brand အနေနဲ့ ဖိနပ် ၊အိတ် အမျိုးသမီး အသုံးအဆောင်တွေကို ထုတ်လုပ်သွားဖို့ ရှိကြောင်းလဲ ပြောထားပါတယ် ။ အကျီင်္ဆိုင်ကိုတော့ MH Mobile အပေါ်ထပ် အမှတ် 153 ဦးချစ်မောင်လမ်းမပေါ် ၊မြလမ်းထိပ် ၊ ဦးချ စ်မောင်အိမ်ရာ အရှေ့တည့်တည့်မှာ ဖွင့်လှစ်ထားတာ လဲ ဖြစ်ပါတယ် ။
Credit:7Day
MYANMAR's GOT TALENT 2017 ပါရမီရှင်ရွေးပွဲကြီး ပြန်လာပါပြီ
ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ ထူးထူးခြားခြား အစွမ်းတွေကို ယှဉ်ပြိုင်ပြသမယ့် MYANMAR's GOT TALENT 2017 အစီအစဉ်ကို လာမယ့် မေလ(၇)ရက် (တနင်္ဂနွေနေ့)မှာ MRTV-4 ရုပ်သံလိုင်းမှ စတင်ထုတ်လွှင့်တော့မည်ဖြစ်လို့ စောင့်မျှော်ကြည့်ရှူ့နိုင်ပါပြီ..။