ခပ်ကြမ်းကြမ်းစာသားတွေ ပါတယ်ဆိုတဲ့ Big Bag ရဲ့ အယ်လ်ဘမ်အသစ်
04 May 2017 1,332 Views
အမိုက်စားသီချင်းတွေကိုမှ ရှယ်နားထောင်ချင်သူတွေ စောင့်မျှော်နေတဲ့ Big Bag ရဲ့ Anger Management အယ်လ်ဘမ်သစ်က ထွက်ဖို့တာဆူနေပါပြီ။ အယ်လ်ဘမ်အသစ်နဲ့ပတ်သတ်ပြီး စိတ်ဝင်စားနေသူတွေအတွက် ကျားပေါက်ကိုယ်တိုင် ပြောပြထားတဲ့ Anger Management အကြောင်း မသိမဖြစ်တဲ့ အချက် ၅ ချက်ကို ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။ (သူ့မိတ်ဆွေတစ်ယောက်က မေးတာကို ကျားပေါက်က လက်ရေးနဲ့ ရေးပြီး ပြန်ဖြေပေးထားတာပါ)
1. Big Bag ရဲ့ ပထမဆုံး Concept Album ဖြစ်ပါတယ်။ Anger (ဒေါသ) နဲ့ Depression (စိတ်ကျဝေဒနာ) ကို အဓိက Promote လုပ်တဲ့ Album ပါ။ ကျွန်တော်ရဲ့ Personal အဆန်ဆုံး Album လဲဖြစ်ပါတယ်။ သီချင်း (၁၀)ပုဒ်လုံးဟာ အဓိက အကြောင်းအရာတစ်ခုထဲကို ညွှန်းဆိုတာဖြစ်ပြီး ကျွန်တော်ရဲ့အခက်ခဲဆုံးအချိန်တွေမှာထွက်လာခဲ့တဲ့ သီချင်းတွေ ဖြစ်လို့ပါ။
2. 18+ Albumဖြစ်ပါတယ်။18 နှစ်အောက်ကလေးတွေ နားမထောင်သင့်ပါဘူး။ Harsh Language (ခပ်ကြမ်းကြမ်းစာသား) များတစ်ပုံကြီးပါဝင်ပါတယ် (အမှန်တော့ ဘယ်သူမှနားမထောင်သင့်တာ၊ ပြီးတော့ဒီအခွေဟာ Sweden မှာသွင်းလာတဲ့ Album မဟုတ်ပါ ဒီမှာပဲသွင်းတာ၊ Sweden အခွေက Master မလုပ်ရသေး) မှားဝယ်နေမှာစိုးလို့။
3. Starry Night ဆိုတဲ့ သီချင်းဟာ( Vocal Guideline နဲ့ Demo Guitar Track မပါဘဲ လိုင်းပိုင်း 63 လိုင်းရှိပါတယ်။ တခြား Artist တွေအတွက်တော့မသိဘူး Big Bag အတွက်တော့ တီးခဲ့တဲ့သီချင်းတွေထဲ ဒီတစ်ပုဒ် Line အများဆုံး။ ပြီးတော့ အကြာဆုံးတီးရတဲ့ သီချင်းပါ။ ဖြိုးမငိးနိုင်(Keyboard) တစ်ယောက်ထဲတင် Speck Studio မှာ ကျွန်တော် (၃)ရက်တိတိ အသံဖမ်းပေးခဲ့ရတာ မှတ်မိသေးတယ်။ ဒါတောင်သူ့အိမ်ယူသွားပြီး ခိုးတီးတာမပါသေးဘူး။
4. Fuck My Way Out ဆိုတဲ့သီချင်းဟာ တစ် Band လုံး ကျနော့်အိမ်က Studio သေးသေးလေးထဲမှာ ဝိုင်းရေးကြတာ။ တစ်ပုဒ် အတီးပြီးအောင်ကြိုးစားရေးကြမယ်ဆိုပြီး ညနေကြတော့ (၃)ပုဒ်စာလောက် အတီးအရှည်ကြီးထွက်လာရော။ အဲဒီထဲကမှ မလိုတာတွေဖယ်လိုက်ပြီး တစ်ပုဒ်ယူလိုက်တာ။
5. English သီချင်း(၃)ပုဒ်ပါပါတယ်။ အဲဒီထဲကမှ Roses are Red ဆိုတဲ့ 1 မိနစ်ပဲရှိတဲ့ သီချင်းဟာကျွန်တော် Notepad ပေါ်မှာလျှောက်ရေးထားတဲ့ ကဗျာအပိုင်းအစလေးတွေနဲ့တည်ဆောက်ထားတာဖြစ်ပါတယ်။
Thanks
ကျားပေါက်
Credit : Scorpion Soup For Soul