သားဦးလေးအတွက် ရင်ခုန်ပြီး ၀မ်းသာနေတဲ့ မိုးယုစံ
27 Apr 2017 1,374 Views
ကိုယ်ဝန် ၅လ ၀န်းကျင်ရှိနေပြီဖြစ်တဲ့သရုပ်ဆောင် မိုးယုစံ ရဲ့ ကိုယ်ဝန်က သားယောက်င်္ကျားလေး လို့လဲ သိရပါတယ် ။ ပထမဦးဆုံး သားဦးဖြစ်တဲ့ အတွက် ပိုပြီး ၀မ်းသာမိကြောင်း မိုးယုစံက “ကိုယ်ကမိခင်ဆိုတော့ ဘာလေးပဲ ဖြစ်ဖြစ် ပါ။ ယောက်င်္ကျားလေးပဲ ဖြစ်ဖြစ် ၊ မိန်းကလေးပဲ ဖြစ်ဖြစ်ချစ်ရမှာပဲ ။ပထမဦးဆုံးသားဦးလေးဆိုတော့လဲ ပိုပြီး ၀မ်းသာပါတယ်။ မိုးယု အမျိုးသားက အရင်ကတည်းက ကလေးအရမ်းချစ်တဲ့သူဆိုတော့ ဘာလေးပဲ ဖြစ်ဖြစ် သူလိုချင်နေတာ ။အခုသားဦးဆိုတော့လည်း ချစ်တာပဲ။ ရင်သွေးလေးရလာပြီ ဖြစ်တဲ့ အတွက် ယခင်ကထက် အစားအသောက် ၊ အနေအထိုင် ဆင်ခြင်ဖြစ်ပြီး ကျန်းမာရေးလည်း ဂရုစိုက်နေထိုင်ဖြစ်နေပါတယ်”လို့ ပြောထားပါတယ်။
“Due date ကတော့ ၉လပိုင်းမှာ ဖြစ်မယ်လို့ ထင်တယ်။ ဘယ်မှာမွေးရမလဲ ဆိုတာကိုတော့ အစဉ်းစားရသေးပါဘူး ။ ကိုယ်ဝန် ၅လ အရှေ့ပိုင်းကတော့ ပို ဂရုစိုက်ရတယ် ။အခုကတော့ ပုံမှန်ဖြစ်နေပါပြီ။ ပုံမှန်အတိုင်းပဲ သွားသွားလာလာ လုပ်ဖြစ်တယ် ။ အစားအသောက်ကြတော့ အရင်ကထက် ကိုယ်မကြိုက်တဲ့ အစားအစာတွေကို လဲ ကလေးအတွက်စားရတယ်။ အစားအသောက်တော့ ဂရုစိုက်ရတယ် ။ ကလေးအတွက်ကိုယ်ဝန်ဆောင် အကြောင်းအရာလေးတွေ ဖတ်ဖြစ်တယ်” လို့ ပြောသွားခဲ့ပါတယ် ။
Credit:popular