BEC-TERO TV

ငါးသံပုရာပေါင်း ပြုလုပ်နည်း

27 Apr 2017     4,515 Views


ငါးရဲ့ အချို အရသာ နဲ့ သံပုရာ ရည်လေးရဲ့ ချဉ်ပြုံးပြုံး အရသာလေးတွေ ပေါင်းစပ်ထားတဲ့ ငါးပုရာပေါင်းလေးဟာဆိုရင် လူကြိုက်များလှပါတယ် ။ ပြုလုပ်နည်း သိသွားရင် လွယ်လွယ်လေးပါ ။ ဆိုင်မှာ သွားဝယ်နေစရာ မလိုပဲ အိမ်မှာပဲ ကိုယ်တိုင်ပြုလုပ်နိုင်မယ့် ငါးသံပုရာပေါင်းနည်းလေးကို ဝေမျှပေးလိုက်ရပါတယ်။
 
လိုအပ်သော ပစ္စည်း 
 
စပါးလင်၁စည်း
 
ဂျင်း ၃ပြား
 
ငရုတ်သီး ၂ကျပ်သား
 
ပင်စိမ်း ၁စည်း
 
ဖက်ဖယ် ၁စည်း
 
ရှမ်းနံနံ ၁ စည်း
 
သံပုရာသီး ၁လုံး
 
ကြက်သွန်ဖြူ ၅ကျပ်သား
 
ကက္ကတစ်ငါး ၃ဝသား (ငါးဝယ်ရင် ပါးဟပ်ဖြဲကြည့်ပါ။ရဲနေတာကိုရွေးပါ)

ပြုလုပ်နည်း
 
အရင်ဆုံး ရေနွေးတည်ထားပါ။ အိုးထဲကို ငံပြာရည် ၃ဇွန်း ရှာလကာရည် ၂ဇွန်း ဆား နဲနဲ နောက် စပါးလင်ကို ထု ထည့်ပြီး ပွက်အောင်တည်ထားပါ။ ငါးကို ပါးဟပ်ထုတ် ဗိုက်ခွဲ ကလီစာထုတ်။ ဓားနဲ့မွှန်းပြီး ခရုဆီ ငံပြာရည် ဆား နယ်ပြီး နှပ်ထားပါ။ ငါးစာအတွက် ဖက်ဖယ်ရွက် ပင်စိမ်း ငရုတ်သီးစိမ်း ရှမ်းနံနံ ကြက်သွန်ဖြူကို ကျိတ် ထားပါ။ ပြီးရင် ငံပြာရည် နဲနဲလေး နယ်ထားပါ။

၃ပုံ ၂ပုံ ကို ငါးဗိုက်ထဲသွတ်အစာမထွက်အောင် စပါလင် အရွက်နဲ့ တုတ်ထားပါ။ ရေနွေးအိုး ပွက်ပွက်ဆူလာရင် အရသာ အပေါ့အငန် အချဉ်မြည်းပါ။ ငါးထည့်ပါ အဖုံးအုပ်ပါ ၁ဝမိနစ်နေရင် နောက်တဖက်လှည့်ပါ။နောက်တဖက်ကို ၁ဝမိနစ်ထား။ ပြီးရင် အစာ ချန်ထားတာလေး အပေါ်မှာဖြူး ပေး။ သံပုရာသီး ကို အကွင်းလေး လှီးထည့်။ ရပြီ။ သံပုရာသီး ကို စကတည်းက ထည့်တည်ရင် ခါသွားတက်ပါတယ်။ မီးပိတ်ပြီး မှ သံပုရာသီးထည့်။

Credit:ပေစိလက်ရာ 

 


27 Apr 2017     4,515 Views




RELATED

Most Popular of Food

Most Popular of Life Style