တောင်ကြီးမြို့ပေါ်တွင် အမျိုးသမီးတစ်ဦး ကိုယ်လုံးတီးချွတ်နှင့် လျှောက်သွားနေ
26 Apr 2017 1,410 Views
ဧပြီလ ၂၆ ရက်(ယနေ့) နံနက်ပိုင်းက တောင်းကြီးမြို့ မြို့ပတ်လမ်းမပေါ်တွင် အဝတ်အစားဗလာနှင့် လျှောက်သွားနေသော အမျိုးသမီးတစ်ဦးကို တွေ့ရှိခဲ့ရကြောင်း သိရှိရသည်။
အဆိုပါအမျိုးသမီးသည် တောင်ကြီးမြို့၊ မောချယ်ရီအနောက် မြို့ပတ်လမ်းတွင် နံနက် ၆ နာရီ ၁၀ မိနစ်အချိန်ခန့်တွင် အဝတ်အစားဗလာနှင့် လမ်းမပေါ်လျှောက်သွားက ကားလမ်းမပေါ်တွင် ကန့်လန့်ဖြတ်လဲလျောင်းနေခြင်းတို့ကြောင့် လမ်းသွားလမ်းလာများ အခက်တွေ့နေရသည်။
စိတ်ကျန်းမာရေး မကောင်းသူအမျိုးသမီးဟု ယူဆရပြီး တာဝန်ရှိသူများအနေနှင့် သက်ဆိုင်ရာ စိတ်ကျန်းမာရေးဆေးရုံသို့ ပို့ဆောင်ပေးကြရန် မြို့ခံများက လိုလားနေကြောင်း သိရှိရသည်။
Source:အမေ့သား