နတ်ဝင်ပူးနေချိန် ဓါးပြီးကြောင်း စမ်းပြခဲ့သည့် နတ်ကတော် သေဆုံး
25 Apr 2017 1,627 Views
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင် စံကမ်ဖလ် မြို့ နယ်(၀န်ကြီးချုပ်ဟောင်း ယင်လပ် ဇာတိမြို့ )မှာ နှစ်စဉ်ကျင်းပနေကြဖြစ်တဲ့ လမ်းနား(မြို ဟာင်းနံမည်) နတ်ပွဲသဘင်ပေးနေချိန်မှာ နတ်ဆရာ တဦးဟာ နတ်ပူးနေရင်း မိမိကိုယ် ဓါးနဲ ပြန်ထိုးခဲ့မိလို အရေးပေါ်ဆေးရုံ တင်ခဲ့ရပါတယ်။
အသက်(၂၅)နှစ် သာရှိသေးတဲ့ ထက်ပရစ်ပါလီ နတ်ကတော်ဟာ ရှေးဟောင်း ကိုယ်တော်ကြီး နတ်ဝင်လာပြီဆိုရင် တန်ခိုးအစွမ်းတွေ ပြလာပြီး နတ်ဒိုးသီချင်းတွေနဲ့ကပြီဆိုရင် ကိုယ်တော်ကြီးက ဓါးနဲ သူ့ကိုယ်သူအကြိမ်ကြိမ် ထိုးလိုက်ခုတ်လိုက်လုပ်ပြတာကို ပရိတ်သတ် တွေက အားပေးကြ ဆုတော်ငွေတွေ ဆက်သနေကြတာပါ။
ခုလို နတ်ပွဲကို ကပြနေတာ ခြောက်နှစ်ရှိပြီဖြစ်ပါတယ်။ ဒီနှစ်နတ်ပွဲမှာတော့ ခါတိုင်းလို နတ်ဝင်ပူးနေရင်း ဓါးနဲ ရင်အုံကိုထိုးပြခဲ့ရာမှာ ဓါးကသူ့ ကိုယ်တွင်းကို တကယ် စိုက်ဝင်သွားခဲ့ပါတယ်၊ ကိုယ်တော်ကြီးကို ဓါးတန်းလန်း နဲ့ ဆေးရုံပို ခဲ့ကြပါသေးတယ်။ ဓါးစိုက်ဝင်သွားခဲ့တဲ့ နေရာဟာ နှလုံးသားတည့်တည့် ဖြစ်နေတာကြောင့် သွေးထွက်လွန်ပြီး ကိုယ်တော်ကြီး သေဆုံးခဲ့ရတာလို့ သိရပါတယ်။
Credit >> “Chaingmai news”