ဗီဒီယိုဇာတ်ကားတွေကိုအရင်ကထက်အများကြီးလျှော့ယူပြီးရိုက်ပေးရတယ်ဆိုတဲ့ ပြေတီဦး
25 Apr 2017 1,292 Views
ရုပ်ရှင်ဇာတ်ကားတွေပဲ အရိုက်များနေတာကြောင့် ဗီဒီယိုရိုက်ကူးမှုနဲ့ ပတ်သတ်ပြီးတော့ “အခုက ရုပ်ရှင်တွေ ရိုက်ကူးနေပြီး ဗီဒီယိုဇာတ်ကားတွေ ရိုက်ဖို့လဲ ရှိပါတယ် ။ ဗီဒီယို ဇာတ်ကားကျတော့နယ်မှာရှိတဲ့ ပရိတ်သတ်တွေအတွက်ပါ နယ်မှာရှိတဲ့ ပရိတ်သတ်တွေကျတော့ ဗီဒီယိုဇာတ်ကားတွေကိုပဲ အားထားကြည့်ရတာ တချို့နေရာတွေမှာ ရုပ်ရှင်ရုံတွေမရှိသလို ရုပ်ရှင်ကြည့်ဖို့ကသိပ်မလွယ်ဘူးဆိုတော့ သူတို့တွေလည်းဇာတ်ကားအသစ်တွေကြည့်ဖို့အတွက် ဗီဒီယိုပြန်ရိုက်ပေးတဲ့ သဘောနဲ့ ဗီဒီယိုတွေ ပြန်ရိုက်ပေးတာ ဖြစ်ပါတယ်လို့ ပြောထားပါတယ် ။
ဗီဒီယိုတွေပြန်ရိုက်တဲ့ အခါ အကယ်ဒမီရမင်းသားတစ်ယောက် အနေနဲ့ အနုပညာကြေးတွေလျှော့ပေးရတာလဲ ရှိပါတယ်။ ဈေးကွက်ကအရင်လိုမျိုး အဆင်မပြေတော့တာဆိုတော့ ပရိတ်သတ်ကိုကြည့်စေချင်တဲ့ စေတနာတစ်ခုတည်းနဲ့ပဲ အရင်ကကျွန်တော်တို့တွေ ယူခဲ့တဲ့ဈေးထက်အများကြီးလျှော့ပေးဖြစ်ပါတယ်။ကိုယ့်အတွက်နစ်နာတာတွေ ဘာတွေတော့မတွက်ပါဘူး ။ ပိုက်ဆံတစ်ခုတည်းပေါ်မှာပဲ အမြဲတမ်းအခြေခံ တွက်ချက်နေလို့မရဘူးလေ ။
ပရိတ်သတ်နဲ့ ကျွန်တော်တို့ အနုပညာသမားတွေဆိုတော့ တစ်ယောက်ရဲ့ စေတနာနဲ့ တစ်ယောက်နဲ့တစ်ယောက် ချစ်ခင်မှုနဲ့ပဲ နေရတာလေ ။ အဲ့ဒိတော့ အဲ့ဒီလိုမျိုးအပေါ်ကိုတော့ ပိုက်ဆံနဲ့တိုင်းတာလို့ မရပါဘူး။ ကျွန်တော်တို့ဘက်က လုပ်နိုင်သမျှအဆင်မပြေဆုံးအရာဖြစ်အောင် တတ်နိုင်သမျှ လုပ်ပေးရမှာက ကျွန်တော်တို့ တာဝန်ပဲလေ။ ဗီဒီယိုဇာတ်ကားရိုက်ကူးမှုက တစ်လမှာ ဘယ်နှစ်ကားရယ်လို့ တိတိကျကျကြီးတော့မရှိဘူး ၊ ကျွန်တော်ထင်တာကတော့ တစ်လကို တစ်ကားလောက်ရိုက်ဖြစ်သွားမယ် ထင်ပါတယ်” လို့ ပြောသွားခဲ့ ပါတယ် ။
Credit:Oasis