ကလေးတစ်သိုက်ကြောင့် ထိုင်းနိုင်ငံ၏သင်္ကြန်ကို အကျည်းတန်စေခဲ့ရ
13 Apr 2017 1,327 Views
ထိုင်းနိုင်ငံ ပတ္တရားမြို့ရှိ ချုံဘူရီနယ်တွင် သင်္ကြန်အကြို့နေ့မတိုင်မီ ဧပြီ ၁၂ ရက်နေ့ညတွင် ကလေးတစ်သိုက်က အရုပ်ဆိုးအကျည်းတန်စွာဖြင့် သင်္ကြန်ကို ကြိုတင်ဆင်နွှဲခဲ့ကြသည်။
ဧပြီလ ၁၂ ရက်နေ့ ညနေ ၆ နာရီခွဲအချိန်ခန့်တွင် New Bridge Road ပေါ်တွင် ဖြတ်သန်းသွားလာသူများကို ကလေးအုပ်စု တစ်စုက ရေထုတ်များဖြင့် ပစ်ပေါက်ကာ သင်္ကြန်စောစီးစွာ ကျခဲ့ကြသည်။
သို့သော် ဖြတ်သန်းသွားလာသူများကို သူတို့ပစ်ပေါက်ခဲ့သော ရေထုတ်များမှာ ကြည်လင်သန့်စင်သော ရိုးရိုးရေထုတ်များမဟုတ်ပဲ ရေထုတ်များအတွင်း၊ ငံပြာရည်များ၊ ဆီးများ၊ ကြက်ဥနှစ်များ၊ မသန့်ရှင်းသော ရေများနှင့် စက်ဆီများရောနှောထားသည့် ရေထုတ်များနှင့် ပစ်ပေါက်ခဲ့ကြခြင်းဖြစ်သည်။
ညနေ ၆ နာရီခွဲခန့်ကတည်းကနေ နောက်တစ်နေ့ (သင်္ကြန်အကြိုနေ့)နံနက် ၆ နာရီထိ ပစ်ပေါက်ခဲ့ကြပြီးနောက် လမ်းမပေါ်တွင် ပလပ်စတစ်အိတ်များနှင့် ပြန့်ကြဲထားခဲ့ကြသည်။ ရေထုတ်နှင့် အပစ်ခံရသူအချို့ အနာတရ ဖြစ်ခဲ့ကြပြီး ယခုကဲ့သို့ ကလေးငယ်များ အုပ်စုဖွဲ့ကာ လွဲမှားသည့် အဖျက်သဘောနှင့် သင်္ကြန်၏ပုံရိပ်ကို အကျည်းတန်စွာ အသုံးချခဲ့သည့်အတွက် အဆိုပါလုပ်ရပ်အပေါ် ပြစ်တင်ဝေဖန်မှုများ လူထုကြားတွင် ကြီးထွားခဲ့ကြောင်း သတင်းရရှိသည်။