BEC-TERO TV

ကလေးမီးဖွားပြီးနောက် အမှိုတ်အိတ်ထဲထည့်ကာ စွန့်ပစ်ခဲ့တဲ့ ၁၅ နှစ်အရွယ်မိခင်

06 Apr 2017     1,340 Views


တရုပ်နိုင်ငံတွင် မွေးပြီးကာစ ကလေးငယ်ကို မိခင်ဖြစ်သူ ၁၅ နှစ်သမီးက အမှိုက်အိပ်ထဲထည့်ကာ စွန့်ပစ်ခဲ့သည်ကို စီစီတီဗီတွင် တွေ့ခဲ့ရပြီး အဆိုပါဗီဒီယို အွန်လိုင်းပေါ်တွင် ပျံ့နှံ့ကာ လူမဆန်သည့် လုပ်ရပ်အတွက် ပြင်းထန်စွာ ဝေဖန်ခံခဲ့ရသည်။
 
 
အမှိုက်ပုံတွင် စွန့်ပစ်ခဲ့သည့် မွေးကင်းစကလေးငယ်မှာ မိန်းကလေးဖြစ်ပြီး သန့်ရှင်းရေးအမျိုးသမီးတစ်ဦးက တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ကလေးမှာ အသက်ရှင်လျှက်ရှိသေးသည်။ နောက်ပိုင်းတွင် အာဏာပိုင်များက ကလေးငယ်၏ မိခင်မှာ ၁၅ နှစ်အရွယ် မိန်းကလေးဖြစ်ကြောင်း ပြောကြားခဲ့ပြီး မည်သူမည်ဝါဖြစ်သည်ကိုမူ ဖော်ပြခဲ့ခြင်းမရှိပေ။ မိန်းကလေး၏ မိဘများ သတိပေးခြင်းခံရပြီး မွေးကင်းစ ကလေးငယ်ကို စောက်ရှောက်ရန် ကတိပြုခဲ့ကြရသည်။
 
 
ကလေးငယ်ကို လက်ဆောင်ကတ်ဗူးတစ်ခုထဲတွင် သွေးအလိမ်းလိမ်းနှင့် တွေ့ခဲ့ရပြီး ဆေးရုံသို့ ချက်ခြင်းပို့ဆောင်ခဲ့ကြသည်။ အိမ်နီးချင်းများ၏အဆိုအရ အဆိုပါမိန်းကလေးမှာ လွန်ခဲ့သော တစ်နှစ်ခန့်မှ စတင်၍ အဆိုပါတိုက်ခန်းသို့ ပြောင်းရွေ့ခဲ့ပြီး တစ်ဦးတည်းနေထိုင်ကာ အလှပြင်ဆိုင်တစ်ခုတွင် အလုပ်လုပ်နေသူဖြစ်ကြောင်း သိရှိရသည်။
 
စီစီတီဗီပုံရိပ်အရ အမျိုးသမီးငယ်မှာ ကလေးမွေးပြီးကာစ ဖြစ်သော်ငြားလည်း ဓါတ်လှေခါးအတွင်း သွေးအေးစွာနဲ့ ဆံပင်လေးသပ်ကာ ဘာမှမဖြစ်ထားသလို သွေးအေးသောသူဖြစ်ကြောင်း သူမ၏ အမူအယာတွင် တွေ့ရှိခဲ့ရသည်။
 

06 Apr 2017     1,340 Views




RELATED

Most Popular of Special or Others

Most Popular of NEWS