ဘန်ကောက်မှာ အသေးစားဗုံးပေါက်ကွဲ
06 Apr 2017 1,288 Views
ထိုင်းနိုင်ငံမှာ စစ်အုပ်ချုပ်ရေးကိုအဆုံးသတ်ပြီးရွေးကောက်ပွဲကျင်းပနိုင်မယ့် ဖွဲ့စည်းပုံအခြေခံဥပဒေသစ် တစ်ရပ်အတွက် လက်မှတ်ရေးထိုးပွဲမတိုင်မီ ဗုဒ္ဓဟူးနေ့မှာ ဘန်ကောက်မြို့အတွင်း အထင်ကရနေရာတစ်ခုအနီး အသေးစားဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။
အရင်ကတည်းက ဒီမိုကရေစီအရေးဆန္ဒပြပွဲတွေမှာ လူစုဝေးလေ့ရှိတဲ့ မြို့လယ်က ဒီမိုကရေစီကျောက်တိုင်အနီး ရှိ အမှိုက်ပုံးတစ်ခုထဲမှာ ပိုက်ဗုံးတစ်လုံးပေါက်ကွဲခဲ့တာဖြစ်တယ်လို့ ရဲတွေကပြောပါတယ်။ ပေါက်ကွဲသံအပြီး နားအူဝေဒနာကြောင့် လမ်းသန့်ရှင်းရေးသမားနှစ်ဦးကို ဆေးရုံတင်ခဲ့ရပေမယ့် တခြားထိခိုက် ဒဏ်ရာတော့မရှိဘူးလို့သိရပါတယ်။ “ဒါဟာ အကြမ်းဖက်လုပ်ရပ်လည်းမဟုတ်သလို၊ မတည်မငြိမ်ဖြစ်အောင်လုပ်ဆောင်တာလည်းမဟုတ်ပါဘူး”လို့ ဘန်ကောက်ရဲချုပ် ချိုင်ဂျင်ဒါ က ပြောပါတယ်။
ထိုင်းစစ်တပ်က ၂၀၁၄ ခုနှစ်မှာ အာဏာသိမ်းခဲ့တာဖြစ်ပြီး ဘုရင်ဗဂျီရာလောင်ကွန်း က လာမယ့်နှစ်မှာ ရွေးကောက်ပွဲ ကျင်းပနိုင်လောက်တဲ့ တိုးတက်မှုခြေလှမ်းအဖြစ် ကြာသပတေးနေ့မှာ ဖွဲ့စည်းပုံအခြေခံဥပဒေသစ် ကို လက်မှတ်ရေးထိုးဖို့ စီစဉ်ထားတာဖြစ်ပါတယ်။
Credit : kumudranews