BEC-TERO TV

သင့်နာမည်မှပြောသော သင့်ရဲ့စရိုက်များ…..

04 Apr 2017     1,329 Views


သင့်နာမည် မှာပါတဲ. ABCD အက္ခရာလေးတွေကနေ သင့်ရဲ့ စရိုက်ကို ခန့်မှန်းနိုင်ပါတယ်။ ကျွန်တော်ကတော့ မှန်တယ်လို့ ထင်ပါတယ်တော်တော်လေးလဲ နီးစပ်မှုရှိပါတယ် သဘောကျရင် ရှယ်သွားနိုင်ပါတယ်။

. ဥပမာ သင့်နာမည်က Linn ဆိုပါတော့ ဒါဆို

. L = သင်ဟာ အချစ်ကို ကိုးကွယ်သူ

I = သင်ဟာ အမြဲတမ်း ပြုံးနေပြီး တပါးသူကိုလဲ ပျော်ရွင်စေတယ်

N = သင်ဟာ အလုပ်မရှိရင် မနေတတ်သူ ဒါပေမယ့် ရှိရင်လဲ ငြီးငြူတတ်ပြန်ကော

. ဒါဆို သဘောပေါက်ပြီနော်။ အောက်မှာ သူငယ်ချင်းတို့ နံမည်နဲ့ ရေးပြီးတိုက်ကြည့်လိုက်ပေါ့နော်…..။

A = သင်ဟာ အင်မတန် အေးတဲ့သူ ဖြစ်သော်လည်း စိတ်ထဲမှာ အကြံတခုခုရှိတယ်

B = သင်ဟာ သူစိမ်းတစ်ယောက်နဲ့ ဆက်ဆံရတိုင်း အမြဲသတိရှိတယ်

C = သင့်မှာ လုပ်ဖော်ကိုင်ဖက် စိတ်ဓါတ်အပြည့်ရှိတယ်

D = သင်ဟာ လူတယောက်ကို ယုံကြည်ဖို့ အင်မတန် ခက်ခဲတယ်

E = သင်ဟာ အင်မတန် စိတ်ဝင်စား စရာ ကောင်းတဲ့သူပဲ

F = သင့်မှာ ချစ်မွေး ပါတယ်

G = သင်ဟာ လူတွေကို အကဲခတ် အရမ်းတော်တယ်

H = သင့်မှာ ဆင်ခြင်တုံတရား မရှိဘူး

I = သင်ဟာ အမြဲ တမ်း ပြုံးနေပြီး သူတပါးကိုလဲ ပျော်ရွင်စေတယ်

J = သင်မှာ မနာလိုမရှုစိတ် ရှိတယ်

K = သင်မှာ စူးစမ်း စမ်းသပ် လိုစိတ် ရှိတယ်

L = သင်ဟာ အချစ်ကို ကိုးကွယ်သူ

M = အောင်မြင်မူတွေကို သင်အလွယ်တကူရတယ်

N = သင်ဟာ အလုပ်မရှိရင် မနေတက်သူ ဒါပေမယ့် ရှိရင်လဲ ငြီးငြူတက်သူ

O = သင်ဟာ အင်မတန် ပွင့်လင်း တဲ့သူ

P = သင်ဟာ အင်မတန် ရည်မွန် ပြီး နားလည်မူ အပြည့်ရှိတယ်

Q = သင်ဟာ သူတော်ကောင်း ယောင်ဆောင်ထားတယ်

R = သင်ဟာ လူမူရေး ကိစ္စ္စ္စ တွေမှာ မပါမဖြစ်

S = သင်ဟာ သဘောထား ကြီးတယ်

T = သင့်မှာ ကြီးမားတဲ့ ရည်မှန်းချက်ရှိတယ်

U = သင်.ကိုယ်သင် အားလုံး နဲ့ ရင်ဘောင်တန်း နိုင်တယ်လို့ မှတ်ယူထားတယ်

V = သင်.ကိုယ်သင် အရမ်းချောတယ် ထင်ထားတယ်

W = သင်ဟာ သင့်အကြောင်းတွေကို သူများ ကို မပြောပြချင်ဘူး

X = သင်ဟာ သူများ လမ်းပြ၊ ဆရာလုပ်တာမကြိုက်ဘူး

Y = သင့်မှာ အခက်အခဲတွေ များကြီး ရှိတယ်၊ ရှိခဲ့တယ်

Z = သင်ဟာ အမြဲ တမ်း တယောက်ယောက်နဲ့ ရန်ဖြစ်နေရမှ ကျေနပ်တယ်။

လင်းညို့တာရာ

Credit : “baydinwartanaroh”


04 Apr 2017     1,329 Views




RELATED

Most Popular of Special or Others

Most Popular of NEWS