BEC-TERO TV

သင်္ကြန် ရောက်ခါနီး အလိုလိုပျော်နေတယ်ဆိုတဲ့ ရတနာမိုင်

04 Apr 2017     1,383 Views


တနှစ်တခါ ကျရောက်တဲ့ သင်္ကြန်ပွဲတော်မှာ နီးလာတာနဲ့ အနုပညာရှင်တွေရဲ့ သင်္ကြန်ဖီလင်နဲ့ ရင်ခုန်မှုတွေထဲက မှ အဆိုတော် မလေး ရတနာမိုင် ကတော့ သင်္ကြန်ရောက်ပြီ ဆိုတာနဲ့ သီချင်းဆိုရင်း ဖျော်ဖြေရေး နဲ့ ပဲ ဖြတ်သန်းရသည်ဖြစ်စေ ၊ သူငယ်ချင်းတွေနဲ့ အတူ မဏ္ဍပ်ထိုင်ပြီး ဖြတ်သန်းရသည်ဖြစ်စေ သင်္ကြန် ဆိုတာနဲ့ အလိုလို ပျော်လာမိတယ်လို့ ပြောထားပါတယ်။

“ဒီနှစ်သင်္ကြန်ကိုတော့ ဘားအံမှာ သီချင်းဆိုရင်း ရှိပါမယ် ။ ဒီနှစ်မှာတော့ ရန်ကုန်မှာ မဏ္ဍပ်တွေ နည်းတယ်လို့ လည်းကြားတယ် ။ ညီမ အနေနဲ့ တော့ အရင်လို စည်စည်ကားကား ပဲ ပြန်ဖြစ်စေချင်ပါတယ်။ အခုတော့ EDM Festival တွေများလာတာလည်းကောင်းပါတယ် ။ အရင်ကတော့ မဏ္ဍပ်တွေမှာ DJ နဲ့ ဖွင့်ကြတာလည်း ရှိတာပေါ့ ။ အားလုံး မျှမျှတတ လုပ်ရင်တော့ ပိုကောင်းတာပေါ့ ။ကွင်းထဲ မှာ ဖျှော်ဖြေရေးသွားကြည့်မယ့် သူလည်း သွားပေါ့ ။ မဏ္ဍပ်မှာ ရေပက်မယ့် သူတွေလည်းပတ်တာပေါ့ ။ မဏ္ဍပ်တွေလည်း အရင်လိုပဲ ရှားပြီး ဖျော်ဖြေ ပွဲတွေလည်း ရှိနေရင်တော့ ပိုကောင်းတာပေါ့” လို့ ပြောထားပါတယ် ။

“သင်္ကြန်နှစ်သစ်ရောက်ပြီ ဆိုတိုင်းနောက်နှစ်မှာ အလုပ်တွေ ပိုလုပ်ဖို့ အတွက် အားပေးတယ်။ ပျော်တယ် ။ သင်္ကြန်ကာလ ရောက်ပြီဆို အလိုလိုနေရင်းကို စိတ်ထဲမှာကြည် နူးမိတယ် ။ ၂၀၁၃ ခုနှစ်တုန်း ကတော့ ညီမ တို့ မဏ္ဍပ်လုပ်သေး တယ်။ အဲ့ဒါ လည်း တော်တော်ပျော်ဖို့ ကောင်းပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် သင်္ကြန်ဆိုတာနဲ့ ညီမက ပျော်တယ်” လို့ ရတနာ မိုင်က ပြောပြသွားခဲ့ ပါတယ်။

Credit:popular


04 Apr 2017     1,383 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment