BEC-TERO TV

အီတလီဆိပ်ကမ်းသို့ မျောလာသည့် အဝတ်အစားအိပ်ထဲတွင် အမျိုးသမီးအလောင်းတွေ့ရှိ ရုပ်/သံ

03 Apr 2017     1,360 Views


အီတလီနိုင်ငံ ရီမီနီဆိပ်ကမ်းသို့ ပင်လယ်ထဲမှ မျောပါလာသော အပြာရောင် အဝတ်အစားအိတ်အကြီးတစ်လုံးကို ရဲအဖွဲ့က စစ်ဆေးကြည့်ရာ တရုပ်အမျိုးသမီးတစ်ဦး၏ အလောင်းကို အိတ်ထဲတွင် တွေ့ရှိခဲ့သည်။
 
 
လွန်ခဲ့သည့် ဖေဖော်ဝါရီလတုန်းက မိသားစုလိုက် အပျော်စီးသင်္ဘောနှင့် ခရီးသွားရင်း တရုပ်အမျိုးသမီးတစ်ဦး ပျောက်ဆုံးသွားခဲ့သည်။ အန်ဂျီလီးဟု အမည်ရသော တရုပ်အမျိုးသမီးတစ်ဦးသည် ခင်ပွန်းဖြစ်သူ အသက် ၄၅ နှစ်အရွယ် ဂျာမန်လူမျိုး နည်းပညာအကြံပေး ဒန်နီရယ် ဘယ်လင်းနှင့်အတူ သားနှစ်ဦး(အသက် ၆နှစ်နှင့် ၄ နှစ်) တို့နှင့်အတူ ရောမသင်္ဘောဆိပ်မှ ၁၁ ရက်ကြာမည့် ခရီးစဉ်တစ်ခုကို အတူ လိုက်ပါလာခဲ့ကြသည်။
 
 
နောက်တစ်ရက်တွင် သင်္ဘောပေါ်ရှိ အမှတ်တရလက်ဆောင်ပစ္စည်းဆိုင်၌ အန်ဂျီစီးထားသော ဖိနပ်ကိစ္စနှင့် ပက်သက်ပြီးခင်ပွန်းဖြစ်သူက အော်ငေါက်ခဲ့ပြီး အန်ဂျီမှာ ကြောက်လန့်တုန်လှုပ်နေကြောင်း သက်သေများက ထွက်ဆိုခဲ့သည်။ နောက်ရက်မှစကာ အန်ဂျီကို မတွေ့ရတော့ချေ။
 
ဘယ်လင်းက မိသားစုအတူအိပ်ကြသော အိပ်ခန်းထဲသို့ ဝင်ရောက်ရှင်းလင်းရေး မလုပ်ရန် သင်္ဘောအမှုထမ်းများအား မှာကြားခဲ့သည်။ သင်္ဘောခရီးစဉ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ပြီးဆုံးခဲ့ပြီးနောက် သိပ်မကြာမီတွင် ဘယ်လင်းက ဂျာမဏီသို့ ပြန်ရန် ကလေးနှစ်ဦးနှင့်အတူ လေဆိပ်ဆင်းစဉ် ရောမလေဆိပ်၌ အဖမ်းခံခဲ့ရသည်။
 
စုံစမ်းစစ်ဆေးရေးအရာရှိများကို သူ၏ဇနီးသည်မှာ လင်မယားကတောက်ကဆဖြစ်လျှင် သူမသွားနေကျအတိုင်း အိုင်ယာလန်နိုင်ငံ သို့မဟုတ် တရုပ်ပြည်သို့ သွားသည်ဖြစ်ကြောင်း စစ်ဆေးခဲ့သည်။ သို့သော် တရုပ်ပြည်ရှိ အန်ဂျီ၏ မိသားစုမှ သူမပြန်ရောက်မလာကြောင်း ပြောဆိုခဲ့သည်။ 
 
ဘယ်လင်းကို အီတလီရဲတွေက ထိန်းသိမ်းထားပြီး အမှုကို ဆက်လက်စုံစမ်းနေခဲ့ခြင်းဖြစ်သည်။ ယခု သင်္ဘောဆိပ်သို့ မျော်လာသော သေတ္တာထဲတွင် တရုပ်အမျိုးသမီးအလောင်း တွေ့ရှိခဲ့သဖြင့် ပထမအစပိုင်းတွင် အန်ဂျီဟု ထင်ထားခဲ့သော်လည်း သေချာစွာ စစ်ဆေးကြည့်သည့်အခါ အလောင်းမှာ အန်ဂျီ၏ အရပ်ထက် ၅ လက္မပိုမြင့်နေပြီး ဆံပင်ပိုရှည်ကာ ပို၍လည်းပိန်သွယ်သဖြင့် အန်ဂျီ မဟုတ်ခဲ့ပေ။ 
 
 
ထို့ကြောင့် အီတလီရဲများအတွက် နောက်ထပ်ဖြေရှင်းရန် လျှိုဝှက်ဆန်းကြယ်သော နောက်ထပ် အမှုတစ်ခု ထပ်တိုးခဲ့ရပြန်ပါသည်။ 
 

03 Apr 2017     1,360 Views




RELATED

Most Popular of Special or Others

Most Popular of NEWS