BEC-TERO TV

မြန်မာနိုင်ငံသူအား မုဒိန်းကျင့်ခဲ့သည့် ထိုင်းအငှားယာဉ်မောင်း

03 Apr 2017     3,376 Views


ဧပြီလ(၁)ရက်နေက ထိုင်းနိုင်ငံ ဘန်ကောက် ဟွေ့ ခွမ်မြို့ နယ်မှာ အူဒုံစပ် လမ်းကနေ ဖထနကမ်ကို တဦးထဲ တက္ကစီဌားစီးခဲ့တဲ့ မြန်မာနိုင်ငံသူ အိုင့် (ထိုင်းနံမည်ပေးထားပါသည်) အသက် ၂၈ နှစ်ကို ယာဉ်မောင်းသူက လူပြတ်တဲ့နေရာ လမ်းမကြီးပေါ်မောင်းခေါ်ပြီး ရိုက်နှိက်မုဒိန်းကျင့် ခဲ့ကြောင်း သိရပါတယ်။

မြန်မာမိန်းခလေးက အတင်းရုန်းကန် နေခဲ့တာကို အင်အားသုံး ရိုက်နှက်ခံရပါတယ်၊ နောက်ဆုံးတော့ သူမမှာ ရာသီလာနေကြောင်း အသနားခံခဲ့တဲ့တာကို တရားခံတက္ကစီသမားက မကြေနပ်ဖြစ်ပြီး အမျိုးသမီးကို ပါးစပ်နဲ့  အတင်းအကြပ် အာသာဖြေခိုင်းခဲ့တယ်လို့ သိရပါတယ်။ အဆိုပါအချိန်မှာ မြန်မာအမျိုးသမီးဟာ တရားခံရဲ့  လိင်အင်္ဂါကို အမိအရကိုက်လိုက်နိုင်လို့  တရားခံမှာ သွေးတွေပန်းထွက်ပြီး နာလိုအော်ဟစ်နေချိန်မှာ ကားပေါ်ကဆင်းပြေးပြီး တခြား တက္ကစီး ကားတစီး က သူမကိုကူညီပြီး ရဲစခန်း လိုက်ပို့ ခဲ့တယ်လို့ ဟွေ့ ခွမ် ရဲစခန်းမှာ အစစ်ခံတိုင်ကြားခဲ့ပါတယ်။

တရားခံရဲ့  ကားနံပါတ်ကို မမှတ်မိ ပေမယ့် ကားရှေ့ မှာ ကပ်ထားတဲ့ ယာဉ်မောင်းလိုင်စဉ်ကို ဓါတ်ပုံရိုက်ယူနိုင်ခဲ့ပြီး ရဲစခန်းမှာ သက်သေအဖြစ် တိုင်ကြားခဲ့ကြောင်း ၊ အဆိုပါတရားခံ မကြာခင်မှာ ဖမ်းဆီး နိုင်ပါမယ်လို့  ရဲမှူး Archan Chanalak,က သတင်းထောက်တွေကို ထုတ်ဖေါ်ပြောဆိုခဲ့ပါတယ်။

Credit : thithtoolwin


03 Apr 2017     3,376 Views




RELATED

Most Popular of Special or Others

Most Popular of NEWS