သင်္ကြန်ကာလ မှုခင်းလျှော့ချနိုင်ရန် လူဆိုးလူမိုက်များကို ခြေချုပ်ခံဝန်ဖြင့်ထားရှိ
31 Mar 2017 1,328 Views
သင်္ကြန်အကြိုကာလ အ တွင်း ကြိုတင်ကာကွယ်မှုအနေ ဖြင့် ရန်ကုန်တိုင်းတွင် မတ်လ ၁ ရက်မှ ၂၈ ရက်အထိ ခြေချုပ်နှင့် ခံဝန်ဥပဒေဖြင့် အရေးယူမှုပေါင်း ၁၆၇ မှုရှိခဲ့ပြီး လောင်းကစားမှု၊ လက်နက်ပုန်းမှု၊ ယစ်မျိုး၊ မူးယစ် ဆေးဝါးနှင့် အခြားကြိုတင်ကာ ကွယ်မှုပေါင်း ၄,၅၆၂ မှုရှိ ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့ရုံး က သိရသည်။
‘‘ရန်ကုန်မှာရှိတဲ့ လူဆိုးလူ မိုက်စာရင်းများကို ကောက်ယူ ထားပြီး အဲဒီလူဆိုးလူမိုက်အချို့ ပြင်ပမှာနေထိုင်တယ်ဆိုရင် မှု ခင်းပိုင်းဆိုင်ရာဖြစ်ပေါ်နိုင်တဲ့အ တွက် အုပ်ချုပ်ရေးအဖွဲ့များနဲ့ညှိ နှိုင်းပြီး သက်ဆိုင်ရာ ရဲစခန်းတွေ မှာ ခြေချုပ်နဲ့ခံဝန်ရေးထိုးခိုင်းမှု တွေလုပ်နေတာတွေရှိပါတယ်’’
ဟု ရဲမှူးချုပ်ဝင်းနိုင်က ပြော သည်။ ရန်ကုန်တိုင်းရှိ မြို့နယ်အ သီးသီးတွင်နေထိုင်ကြသူများမှ အကျဉ်းကျဖူးသူ၊ ပြစ်ချက် ဟောင်းရှိသူ ရပ်ကွက်အုပ်ချုပ် ရေးမှူးများ ပြောဆိုဆုံးမ၍ မရ သည့် လူဆိုးလူမိုက်များကို ၁၉၆၁ ခြေချုပ်နှင့် ခံဝန်ဥပဒေဖြင့် သက်ဆိုင်ရာမြို့နယ်တရားသူ ကြီးထံ တရားစွဲတင်ခဲ့ပြီး အဆိုပါ ဥပဒေကို ဖောက်ဖျက်ပါက ထောင်ဒဏ် သုံးနှစ်အထိ ချမှတ် နိုင်ကြောင်း ရန်ကုန်တိုင်းရှိ ရဲအရာရှိတစ်ဦးက ဆိုသည်။
‘‘ခြေချုပ်ဆိုတာ သူတို့ကို အ ချုပ်ထဲထည့်ထားတာမဟုတ်ဘူး။ အဲဒီဥပဒေနဲ့ အရေးယူမယ်ဆို မြို့ နယ်ထွေအုပ်ဆီ ခွင့်ပြုချက်တင်ရ တယ်။ ပြီးမှ တရားရုံးကို တရားစွဲ တင်ပြီး အရေးယူရတာ။ တရား သူကြီး သတ်မှတ်ပေးတဲ့ကာလ အတွင်း ကောင်းမွန်စွာနေထိုင်ပါ မယ်ဆိုပြီး တစ်ပတ်တစ်ခါဖြစ် ဖြစ်၊ တစ်လတစ်ခါဖြစ်ဖြစ် လက် မှတ်လာထိုးရတယ်။အဲဒီကာလ အတွင်း ပြစ်မှုတစ်ခုခုကျူးလွန်ပြီ ဆို ခြေချုပ်ဥပဒေဖောက်ဖျက်မှုနဲ့ ထောင်ချလို့ရတယ်’’
ဟု ၎င်းကဆိုသည်။ အလားတူ သင်္ကြန်ကာအ ကြို စွန်ရဲစီမံချက်ဖြင့် ကြိုတင် ကာကွယ်မှုများအပြင် စစ်ပြေး ၉၃ မှု၊ ရဲပြေး လေးမှု၊ ရဲဘက်ပြေး ခြောက်မှု၊ တရားခံပြေး ၁၁၅ မှု စသည့် ပြေးလေးပြေးဖမ်းဆီးမှု ပေါင်း ၂၁၉ မှု ဖမ်းဆီးနိုင်ခဲ့ပြီး ခိုး၊ ဆိုး၊ လု၊ နှိုက် ဒုစရိုက်မှုများပါ ဖမ်းမိခဲ့ကြောင်း ရန်ကုန်တိုင်းရဲ တပ်ဖွဲ့ရုံးမှ ရဲအရာရှိတစ်ဦးက ဆိုသည်။ စွန်ရဲစီမံချက်ကာလအတွင်း ခိုး၊ ဆိုး၊ လု၊ နှိုက် ဒုစရိုက်မှု ဖမ်း မိမှုမှာ လှိုင်သာယာမြို့နယ်အ တွင်း အများဆုံးဖြစ်ပြီး သန်လျင် မြို့နယ်အတွင်း မူးယစ်ဆေးသုံးစွဲ ကာ ရဲတပ်ဖွဲ့ကို ဓားဖြင့်ပြေး ခုတ်သဖြင့် သေနတ်ဖြင့် ပစ်ခတ် ဖမ်းဆီးခဲ့ရမှုတစ်ခု၊ လှိုင်မြို့နယ် အတွင်း ရဲတပ်ဖွဲ့မှ မသင်္ကာသ ဖြင့် စစ်ဆေးမှုကို ဓားဖြင့်ပြန် လည်ခုခံသဖြင့် သေနတ်ဖြင့် ပစ် ခတ်ဖမ်းဆီးခဲ့ရမှုတစ်ခု ပါဝင်ခဲ့ သည်။
Credit : 7daydaily