BEC-TERO TV

သင်္ကြန်တွင်းအိမ်ပြန်မည့် မြန်မာအလုပ်သမားများကို ငွေကြေးမကောက်ခံရန် ထိုင်းဝန်ကြီးချုပ် သတိပေး

31 Mar 2017     1,473 Views


မြန်မာနှစ်သစ်ကူးအတွက် သတ်မှတ်ပေးထားသော သင်္ကြန်ရက်များအတွင်း အိမ်ပြန်ကြမည့် မြန်မာအလုပ်သမားများကို စစ်ဆေးရေးဂိတ်များနှင့် နယ်စပ်ဂိတ်များတွင် မည်သည့်အကြောင်းပြချက်နှင့်မျှ ငွေကြေးကောက်ခံမှုမပြုရန် ထိုင်းဝန်ကြီးချုပ်က အာဏာပိုင်များအား ပြင်းပြင်းထန်ထန် သတ်ပေးလိုက်ကြောင်း သတင်းရရှိသည်။
 
ထိုင်းနိုင်ငံတွင်  ပန်းရောင်ကဒ်ကိုင်ဆောင်ထားကြသော မြန်မာရွှေ့ပြောင်းအလုပ်သမားများအတွက် သင်္ကြန်ပိတ်ရက်ကို ဧပြီ ၅ ရက်မှ မေ ၃၀ ထိ သတ်မှတ်ပေးထားပြီး အထောက်အထားမလိုပဲ အိမ်ပြန်ခွင့်ပြုထားကြောင်း ရွှေ့ပြောင်းအလုပ်သမားကွန်ယက် (MWRN) မှ သိရှိရသည်။
 
ထိုင်းအစိုးရ၏ ခွင့်ပြုချက်ဖြင့် သတ်မှတ်ရက်မျာအတွင်း ပန်းရောင်ကဒ် ကိုင်ဆောင်ထားကြသူများသည် ဖြတ်သန်းခပေးဆောင်ရန်မလိုပဲ နယ်စပ်မှ တရားဝင် အိမ်ပြန်ခွင့်ရမည်ဖြစ်သည်။ ထို့ပြင် ယာယီနိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူများမှာ နယ်စပ်ဂိတ်များမှ ပြန်လည် ဝင်ရောက်ခွင့် Re-Entry တံဆိပ်တုံးထုရမည်ဖြစ်ပြီး တုံးထုခကိုလည်း ပေးဆောင်ရန် မလိုကြောင်း သိရှိရသည်။
 
ပန်းရောင်ကဒ်ကိုင်ဆောင်သူ မြန်မာရွှေပြောင်းအလုပ်သမားများ အထောက်အထားမလိုပဲ သင်္ကြန်ပိတ်ရက် အိမ်ပြန်ခွင့်ရရှိရေးအတွက် ဖေဖော်ဝါရီ ၁၅ ရက်နေ့က ထိုင်းအစိုးရတာဝန်ရှိသူများနှင့် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးတို့ ညှိနှိုင်းခဲ့ကြပြီးနောက် ထိုင်းအလုပ်သမားဝန်ကြီးဌါနမှ ယခုကဲ့သို့ ခွင့်ပြုခဲ့ခြင်းဖြစ်သည်။
 
ခွင့်ပြုထားသော ပိတ်ရက် ၂၅ ရက်အတွင်း ပြန်လာရန် လိုအပ်ပြီး၊ မိမိထွကက်ခွာခဲ့သော စစ်ဆေးရေးဂိတ်မှ ပြန်လည်ဝင်ရောက်ရမည်ဖြစ်ပြီး ၂၅ ရက်ထက် ကျော်လွန်၍ မနေကြရန် မြန်မာသံရုံးမှ သတိပေးနှိုးဆော်ထားကြောင်း သိရှိရသည်။
 
Credit:ဒီမိုကရေစီတူဒေး
 

31 Mar 2017     1,473 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS