BEC-TERO TV

ရုပ်အဆိုးဆုံးကလေးဖြစ်လို့ မိဘတွေက တိရိစ္ဆာန်လိုဆက်ဆံခံနေရတဲ့ ကလေးငယ်

30 Mar 2017     2,058 Views


မွေးချင်းသားသမီးတွေထဲမှာ ရုပ်အဆိုးဆုံး ဖြစ်လို့ မိဘတွေရဲ့ အကျဉ်ခံရပြီး တိရစ္ဆာန်တစ်ကောင်လို လူမဆန်စွာ လည်ပင်းမှာ သံကြိုးကွင်းခတ်ထားခံရတဲ့ ကလေးငယ်တစ်ဦးရဲ့ ဓါတ်ပုံတွေဟာ အွန်လိုင်းမှာ ပျံ့နှံ့ခဲ့ပြီး ဝေဖန်ရှုံ့ချသူတွေ များပြားနေခဲ့ပါတယ်။
 
 
ဖိလစ်ပိုင်နိုင်ငံက ကလေးငယ်တစ်ဦးဟာ ရုပ်ရည်အနည်းငယ် မပြေပြစ်မှုကြောင့် မိဘတွေက လုံးဝမျက်နှာသာ မပေးပဲ နှိမ်ချဆက်ဆံခံနေရပါတယ်။ တစ်ခုခုပျောက်ရှသွားရင်လည်း သူကိုသာ သူခိုးလို့ စွပ်စွဲခဲ့ပြီး ပုံမှာမြင်ရတဲ့အတိုင်း လည်ပင်းမှာ သံကြိုးခတ်ပြီး လက်ထိပ်ကြိုးနဲ့ဆက်ကာ ချည်ထားပြီး အပြစ်ပေး အရှက်ခွဲတတ်ကြောင်း ကလေးငယ်က ငိုယိုကာ ပြောဆိုခဲ့ပါတယ်။
 
 
အဆိုပါ ဓါတ်ပုံများ လူမှုကွန်ယက်တွင်ပျံ့နှံ့ခဲ့ပြီးနောက် မိဘများကို အပြစ်ပေးအရေးယူရန် ပြောဆိုလျှက်ရှိပြီး၊ သားသမီးအပေါ် ခွဲခြားဆက်ဆံမှုအတွက် ဝိုင်းဝန်းပြစ်တင် ရှုံ့ချလျှက်ရှိနေကြသည်။
 
သင်ဟာ မိဘတစ်ယောက်ဖြစ်နေခဲ့ရင် ကိုယ်မွေးထားတဲ့ သားသမီးတွေအပေါ်မှာ အခုလို ခွဲခြားဆက်ဆံမှုတွေ ရှိနေလား ဆိုတာ သုံးသပ်ကြည့်ပါဦး။ အကယ်၍ ရှိနေခဲ့ရင်တော့ သာတူညီမျှ ဆက်ဆံနိုင်အောင် ကြိုးစားစေချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အားလုံးဟာ သင့်ရဲ့ သားသမီးတွေပဲ ဖြစ်နေလို့ပါ။
 

30 Mar 2017     2,058 Views




RELATED

Most Popular of Special or Others

Most Popular of Kids & Family