BEC-TERO TV

အိန္ဒိယကုန်သည်များ ဈေးကစား၍ ပြည်တွင်း ပဲဈေးကွက် မငြိမ်

30 Mar 2017     1,384 Views


အိန္ဒိယနိုင်ငံတွင် မတ်ပဲ နှင့်ပဲစင်းငုံအထွက်နည်း၍ ပဲလို အပ်ချက်ရှိနေသော်လည်း ကုန် သည်များက ဈေးကစားသဖြင့် ပြည်တွင်းဈေးကွက်၌ ဈေးအတက်အကျများလာသည်ဟု မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်အသင်း အတွင်းရေးမှူး ဦးမင်းကိုဦးက ပြောသည်။ အိန္ဒိယအစိုးရ၏ သွင်းကုန် များအပေါ် ခွင့်ပြုပေးထားသည့် အခွန်သက်သာခွင့် သက်တမ်းထပ်မံ တိုးမြှင့်ပေးမည့် အခြေ အနေကို အိန္ဒိယကုန်သည်များက စောင့်ကြည့် ဝယ်ယူနေခြင်းက လည်း ပြည်တွင်းပဲဈေးကွက်ကို မငြိမ်စေခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

အိန္ဒိယသည် ပြည်ပမှ သွင်း ကုန်များအပေါ် အခွန် ၁၀ ရာခိုင် နှုန်း ကောက်ခံသော်လည်း ပဲမျိုးစုံသည် အိန္ဒိယ၏ အဓိကစား သောက်ကုန်ဖြစ်၍အခွန်ကောက် ခံပါက ကုန်ဈေးနှုန်း ကြီးလာနိုင် သဖြင့် အခွန်ကင်းလွတ်ခွင့်ပေး ထားသည်။ ထိုအခွန်သက်သာခွင့်ကို နှစ်စဉ် တစ်နှစ်လျှင် တစ်ကြိမ် အစိုးရက သက်တမ်းတိုးပြီး ၂၀၁၆ အတွက် အခွန်သက်သာ ခွင့်သက်တမ်းမှာ မကြာမီကုန်ဆုံး မည်ဖြစ်သည်။ ယနေ့အထိ အခွန် သက်သာခွင့်သက်တမ်းတိုးပေး မည့်အခြေအနေကို ကုန်သည် များက မသိရသဖြင့် ပဲအဝယ်ကို ထိန်းနေသည်ဟု ပြည်တွင်းပဲကုန် သည်များက ပြောသည်။

‘‘သူတို့ဘက်က အခွန်ကိစ္စ ရှင်းရှင်းလင်းလင်း မရှိသေးတော့ လိုအပ်ချက်ရှိပေမယ့် ထိန်းဝယ် နေကြတယ်’’ဟု ဦးမင်းကိုဦးကဆို သည်။လက်ရှိ ပြည်တွင်းဈေးကွက် တွင် မတ်ပဲဈေးသည် တစ်တန် လျှင် ကျပ်တစ်ဆယ့်တစ်သိန်းသုံး သောင်းခွဲ ဈေးရှိပြီး ပဲစင်းငုံသည် တစ်တန်လျှင် ကျပ်ခုနစ်သိန်း ရှစ်သောင်းငါးထောင် ရှိသည်။ မတ်လအလယ်၌ ပြည်တွင်း ဈေးကွက်တွင် မတ်ပဲတစ်တန် လျှင် ကျပ်တစ်ဆယ့်တစ်သိန်း ခြောက်သောင်း၊ ပဲစင်းငုံတစ်တန် လျှင် ကျပ်ခုနစ်သိန်းခြောက် သောင်း ငါးထောင်ဈေး ရှိခဲ့ သည်။

Credit : 7daydaily


30 Mar 2017     1,384 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS