အမျိုးသမီးတစ်ဦးရဲ့တိုင်ကြားချက်ကြောင့် နယ်ခြားစောင့် ရဲတပ်သား တစ်ဦးသတ်သေ
28 Mar 2017 1,288 Views
အမျိုးသမီး တစ်ဦးရဲ့ တိုင်ကြားမှု ကြောင့် မောင်တောမြို့နယ် ခရေမြိုင်ရဲစခန်း၊မောရ၀တီရဲကင်းမှ နယ်ခြားစောင့် ရဲတပ်သား တစ်ဦး မနေ့က မိမိကိုယ်ကို သေနတ်နဲ့ပစ်ပြီးသေကြောင်းကြံခဲ့တယ်လို့  မောင်တောရဲစခန်းမှသိရပါတယ်။ မတ်လ ၂၆ရက် မနက် ပိုင်းမှာသေနတ်သံကြားတဲ့အတွက် တာဝန်ရှိသူတွေ သွားရောက်စစ်ဆေးတဲ့အခါမှာ နဖူးအောက် နှစ်လက်မခန့်အကွာ မှာ ဖောက်ဝင်ဒဏ်ရာတစ်ချက်နဲ့ လက်ထဲမှာ သေနတ်ကိုင်သေဆုံးနေတာဖြစ် တယ်လို့ မောင်တောမြို့နယ် ရဲစခန်းမှ ဒုရဲမှူးကျော်အေးလှိုင်ကပြောပါတယ်။
‘’အဲဒီ ရဲတပ်သားဟာ အမျိုးသမီး တစ်ဦးရဲ့ လက်ဆွဲပြီးမဖွယ်မရာပြောတယ်ဆိုပြီး စွပ်စွဲ တိုင်တန်းခံခဲ့ရတာကြောင့်အရှက်ရစေတယ်ဆိုပြီး ကိုယ့်သေနတ်နဲ့ကိုယ်သတ်သေတာဖြစ်တယ်။”လို့
ဒုရဲမှူးကျော်အေးလှိုင်က ပြောပါတယ်။ အဆိုပါသေဆုံးခဲ့တဲ့ ရဲတပ်သားမှာ အသက် ၂၁နှစ်ရှိပြီး မတ်လ ၂၅ရက် ညနေပိုင်းမှာ လာရောက်တိုင်တန်းခံထားရတာဖြစ်ပါတယ။ အဲ့သည် လို စွပ်စွဲ တိုင်တန်းတာကသေဆုံးသူ ရဲတပ်သားကို အရှက်ရစေပြီး သူအနေနဲ့ ပြန်လည် ဖြေရှင်းလို့မရတဲ့ အတွက် အခုလို သတ်သေရတာဖြစ်တယ်ဆိုပြီး ပြောထားတဲ့ မိနစ်၄၀စာ အသံဖိုင်ကိုလည်းသေဆုံးသူရဲ့ ဘေးမှာ တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
Credit : kumudranews