လောက်ကိုင်တိုက်ပွဲပြင်းထန်၊ လက်နက်ကြီးများ တရုတ်ဘက် ကျရောက်
23 Mar 2017 1,341 Views
လောက်ကိုင်ဒေသမှာ ဒီနေ့ မတ်လ ၂၂ရက်နေ့က တိုက်ပွဲ ပိုမိုပြင်းထန်လာခဲ့ပြီး နန်းဆန်- မုန်းတိန်းလမ်းမကြီးပေါ်မှာ လက်နက်ကြီး အမြောက်အမြား ကျရောက်ခဲ့တဲ့အတွက် အဲလမ်းမကြီးကို လုံခြုံရေးချထားပြီး လမ်းကို ပိတ်ထားခဲ့ရတယ်လို့ နန်းဆန်သတင်းဌာန ကွမ်ပေါကျွေမှာ ဖော်ပြထားပါတယ်။
“အိုး..ကျတာတော့ အများကြီးပဲ ဘယ်ရေတွက်နိုင်တော့မှာလဲ။ ကျတာက အဲနယ်စပ်ကျော်ပြီး တရုတ်ပြည်ဘက် ၂ မိုင်ကျော်မှာကျတာ။ အဲဒီ နန်းဆန်-မုန်းတိန်းလမ်းမကိုလည်း သူတို့ပိတ်ထားတယ်။ ကျနော်တောင်မှ အဲသတင်းတွေကို သိချင်လို့ သွားလိုက်တာ။ သူတို့ကိုလည်း ဟိုပြောဒီပြောတော့ သူတို့က ပေးသွားလိုက်တာ။”
“ခါတိုင်း ဒီလမ်းကို ၁ နာရီပဲမောင်းတယ်။ ဒီနေ့ ၄ နာရီမောင်းရတယ်။ လက်နက်ကြီးတွေကျလို့ နားလိုက်သွားလိုက်လုပ်နေရတာ။ အဲကြားထဲမှာလည်း တရုတ်စစ်သားတွေက လုံခြုံရေး လုပ်နေတယ်လေ” လို့ နန်းဆန် ဒေသခံတစ်ဦးဖြစ်သူ ဝမ်အိုက်တင်က ပြောပါတယ်။
Soure : burmese.dvb.no