BEC-TERO TV

ဗဟိုအမျိုးသမီးဆေးရုံသို့ ကိုယ်ဝန်ဖျက်ချပြီးရောက်လာသည့်လူနာ များနေဆဲဖြစ်

22 Mar 2017     1,475 Views


ဗဟိုအမျိုးသမီးဆေးရုံ (ရန်ကုန်) ၌ ကိုယ်ဝန်ဖျက်ချခြင်းကြောင့် ဆေးဝါးကုသမှု ခံယူသည့်လူနာအ ရေအတွက် မြင့်မားနေဆဲဖြစ် ကြောင်း ဆေးရုံအုပ်ကြီးဒေါက် တာပပက ပြောသည်။ ကိုယ်ဝန်ဖျက်ချခြင်းကြောင့် ဆေးဝါးကုသမှုခံယူသည့် လူနာ ဦးရေသည် သားအိမ်ခေါင်းကင်ဆာ ကြောင့် ဆေးကုသမှုခံယူသည့် လူနာဦးရေနှင့် နှိုင်းယှဉ်ပါက နှစ် ဆခန့်ပိုမိုများပြားနေသည်ဟု ဆို သည်။ ၂၀၁၆ အတွင်း ကိုယ်ဝန် ဖျက်ချခြင်းကြောင့် ဆေးရုံတက် လူနာ ၈၄၅ ဦးဖြင့် ထိပ်ဆုံးနေရာ၌ရှိနေပြီး သားအိမ်ခေါင်းကင် ဆာကြောင့် ဆေးကုသမှုခံယူသည့် လူနာ ၃၈၅ ဦးသာရှိသည်ဟု ဗဟိုအမျိုးသမီးဆေးရုံ (ရန်ကုန်) မှတ်တမ်းတွင်ဖော်ပြထားသည်။

‘‘မြန်မာနိုင်ငံရဲ့ ကျန်းမာရေး စနစ်ကို ခြိမ်းခြောက်နေပြီး မိခင် နဲ့ ကလေးသေနှုန်းကို မြင့်မားစေ တာ ကိုယ်ဝန်ဖျက်ချခြင်းပဲ။ ဗဟို အမျိုးသမီးဆေးရုံမှာ ကိုယ်ဝန် ဖျက်ချခြင်းကြောင့် ဆေးရုံတက် လူနာက နှစ်စဉ်မြင့်မားနေတုန်းပဲ’’ ဟု

ဒေါက်တာပပကပြောသည်။ ဆေးရုံများတွင် သေဆုံးသူ ကိုယ်ဝန်ဆောင်မိခင်နှစ်ဦးလျှင် တစ်ဦးသည် ကိုယ်ဝန်ဖျက်ချခြင်း ကြောင့်ဖြစ်ကြောင်း ဗဟိုအမျိုးသမီးဆေးရုံမှ သားဖွားမီးယပ်အထူးကု ဆရာဝန်ကြီးတွဲဖက်ပါမောက္ခ ဒေါက်တာစိုးလွင်က ပြောသည်။ ‘‘ဆရာတို့ဆေးရုံကို အများ ဆုံးရောက်တဲ့လူနာတွေ၊ မိခင် လောင်းတွေကလည်း အဲဒါတွေ ပဲ။ မိခင်နှစ်ယောက်သေရင် အ နည်းဆုံးတစ်ယောက်လောက်က ကလေးဖျက်ချတာပဲ။ ကိုယ်ဝန် ဖျက်ချပြီးတော့ ရောဂါပိုးတွေဝင် ပြီး သွေးတွေအရမ်းသွန် သတိ လစ်မေ့မြောပြီး ရောက်လာကြ တယ်’’ဟု ၎င်းကဆိုသည်။

သေဆုံးသည့်ကိုယ်ဝန်ဆောင် မိခင်များတွင် ဆယ်ကျော်သက် အရွယ်များနှင့် အသက် (၄၀) ကျော်အရွယ်များပါဝင်ပြီး အများစုသည် ကိုယ်ဝန်ဖျက်ချစဉ် အန္တရာယ်ရှိ စေနိုင်သော သံချွန်၊ အက်စစ်ဓာတ် ပစ္စည်းများဖြင့် ပြုလုပ်ခြင်းကြောင့် သော်လည်းကောင်း၊ ပြင်းထန်စွာနှိပ်ချခြင်းကြောင့်သော်လည်း ကောင်း လူနာမှာရောဂါပိုးများဝင် ရောက်ကာ သွေးအလွန်အကျွံသွန် ခြင်း၊ ၀မ်းဗိုက်တစ်ခုလုံး၌ မစင်၊ ပြည်ပုပ်များပြည့်နှက်နေခြင်း၊ အူပေါက်ခြင်း၊ သားအိမ်ပေါက်ခြင်း များဖြစ်ပေါ်၍ ရောက်ရှိလာခြင်း ဖြစ်သည်။ ထိုကဲ့သို့ ဖြစ်ပေါ်ရခြင်းသည် လူထုအတွင်း မျိုးဆက်ပွားဆိုင် ရာ ကျန်းမာရေးအသိနည်းပါးမှု ကြောင့်ဖြစ်ကြောင်း ဆရာဝန်ကြီး အချို့က သုံးသပ်သည်။

Credit : 7daydaily


22 Mar 2017     1,475 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS