ရန်ကုန်မြို့တွင် လူ ၁၀၀ ရာလျှင် ၁၈ ဦးနှုန်း ဆီးချိုဖြစ်ပွားနေ
22 Mar 2017 1,300 Views
ရန်ကုန်မြို့တွင် ဆီးချိုရောဂါဖြစ်ပွားမှုသည် တစ်နိုင်ငံလုံး၌ အ များဆုံးဖြစ်နေပြီး လူဦးရေ ၁၀၀ လျှင် ၁၈ ဦးနှုန်းဖြစ်ပွားနေကြောင်း ရန်ကုန်ဆေးတက္ကသိုလ် (၂)၊ ဆီး ချိုနှင့် ဟော်မုန်းရောဂါအထူးကု ဌာန ပါမောက္ခဦးကိုကိုက ပြော သည်။
‘‘တိုင်းနဲ့ပြည်နယ် ၁၄ ခုစလုံး ကို ကျွန်တော်တို့ လုပ်ပြီးသွားပြီ။ နံပါတ်(၁)သည် ရန်ကုန်ပဲ။ တစ် နိုင်ငံလုံးအတိုင်းအတာနဲ့ ၁၀ ဒသမ ၅ လို့ပြောပေမယ့် ရန်ကုန်ရဲ့အ တိုင်းအတာက ၁၈ ရာခိုင်နှုန်းရှိ တယ်။ ၁၀၀ မှာ ၁၈ ယောက်ဖြစ် နေတယ်’’ဟု
ပါမောက္ခ ဦးကိုကို က ပြောသည်။ ထိုသို့ များပြားရခြင်းမှာ အ ခြားတိုင်းနှင့်ပြည်နယ်များနှင့်နှိုင်း ယှဉ်ပါက လူဦးရေထူထပ်ခြင်း၊ ရေသောက်သုံးခြင်းထက် အချို ရည်၊ လက်ဖက်ရည်များ သောက် သုံးခြင်း၊ အဆီများသော ဟမ်ဘာ ဂါ၊ ချိစ်များစားသုံးကြခြင်း၊ တီဗီ၊ ဂိမ်း စသည်တို့ကို ကြည့်ရှုခြင်း၊ လေ့ကျင့်ခန်း ပုံမှန်မလုပ်ဆောင် ခြင်းစသော နေထိုင်စားသောက်မှု ပုံစံ မှားယွင်းမှုများကြောင့်ဖြစ် ကြောင်း သိရသည်။
‘‘အရင်ကဆို မျက်စိကွယ်ရ တဲ့အကြောင်းရင်းက မျက်ခမ်းစပ်ရောဂါဖြစ်လို့။ အခုကျတော့ နံပါတ် (၁) မျက်စိအကွယ်ဆုံးအနေနဲ့ ဆီးချိုဖြစ်နေတယ်။ ပြီးတော့ ကျောက်ကပ်အားနည်းပြီးတော့ ကျောက်ကပ်ဆေးတာတွေရဲ့ တစ်ဝက်တိတိက ဆီးချိုဖြစ်နေ တယ်။ ဆီးချိုသမား ၁၀၀ မှာ ၇၀ လောက်က နှလုံးသွေးကြော ပိတ်ပြီး သေတာဖြစ်နေတယ်။ ဆီးချိုသမားတွေက လေဖြတ် တယ်။ ခြေထောက်တွေ ဖြတ်ရ တယ်။ ကျောက်ကပ်ဆေးရတယ်။ ဒါကြောင့် ဒီနောက်ဆက်တွဲဆိုး ကျိုးတွေကို ကြိုတင်ကာကွယ်ဖို့လို တယ်။ ဆီးချိုရောဂါက အမြစ် ပြတ်အောင်ကုလို့မရဘူး။ ဒါပေမဲ့ ထိန်းထားလို့ရတယ်။ မှန်မှန်ထိန်း ထားရင် နောက်ဆက်တွဲမဖြစ် အောင် ကာကွယ်လို့ရတဲ့အတွက် ကြောင့် ကြိုသိပါ၊ ကြိုထိန်းပါ’’ဟု ဦးကိုကိုက အကြံပြုသည်။
ထို့ကြောင့် ဟင်းသီးဟင်း ရွက်များများစားရန်၊ အချို၊ အငန်၊ အဆီများသော အစားအစာများကို ရှောင်ကြဉ်ရန်၊ ရေဆာလျှင် ရေ များများသောက်ရန်၊ တစ်နေ့လျှင် နာရီဝက်လေ့ကျင့်ခန်းပြုလုပ်ရန်၊ အ၀မလွန်စေရန် သတိပြုဆင်ခြင် ရမည်ဖြစ်ပြီး ရောဂါဖြစ်ပွားပါက လည်း နောက်ဆက်တွဲ ဆိုးကျိုး များမခံစားရစေရန် ဆရာဝန်နှင့် မှန်မှန်စစ်ဆေးခြင်း၊ တစ်နှစ်တစ် ခါ မျက်စိစစ်ဆေးခြင်း၊ ECG ရိုက် ခြင်း၊ အဆီဓာတ်စစ်ဆေးခြင်း၊ ကျောက်ကပ်စစ်ဆေးခြင်းတို့ပြုလုပ်ရမည်ဖြစ်သည်။ ‘‘လူထုကလည်း အသက် (၄၀) ကျော်တာနဲ့ ဆီးချိုစစ်ရမယ် ဆိုတဲ့အသိရှိဖို့လိုတယ်။ ၄၀ ကျော်ထဲမှ ၀ တဲ့သူ၊ မျိုးရိုးရှိတဲ့သူ၊ လေ့ကျင့်ခန်းလုပ်မှု နည်းတဲ့သူနဲ့ အချိုအဆိမ့်စားတာ များတဲ့သူ တွေက ငါ့မှာ ဆီးချိုဖြစ်နိုင်ခြေရှိ တယ်လို့ သတိထားဖို့လိုတယ်။ ဆီးချိုဖြစ်ရင် ရေအရမ်းငတ်တယ်။ ဆီးတွေအရမ်းသွားတယ်။ လူက ခန္ဓာကိုယ်ပိန်ကျသွားတယ်။ နုံး သွားတယ်။ ဒါမျိုးတွေ လက္ခဏာ ပြတတ်တယ်ဆိုတာကို လူထု ကိုယ်တိုင်က သိဖို့လိုတယ်’’ ဟု ဦးကိုကိုက တိုက်တွန်းသည်။
ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာနက ကောက်ယူထား သော ဆီးချို၊ သွေးချိုစစ်တမ်းအရ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အသက် (၂၅)မှ (၆၅)နှစ်ကြားအ ရွယ်များ၌ ဆီးချိုရောဂါဖြစ်ပွားမှု သည် ၁၀ ဒသမ ၅ ရာခိုင်နှုန်းရှိကာ အမျိုးသားများတွင် ၉ ဒသမ ၁ ရာ ခိုင်နှုန်း၊ အမျိုးသမီးများတွင် ၁၁ ဒသမ ၈ ရာခိုင်နှုန်းဖြစ်ပွားပြီး မြို့ပြတွင် ၁၄ ရာခိုင်နှုန်းနှင့် ကျေးလက်တွင် ၉ ရာခိုင်နှုန်းဖြစ်ပွားသည်။
Credit : 7daydaily