BEC-TERO TV

ရွှေတိဂုံစေတီတွင် ဖိနပ်အပ်သူများထံမှ အလှူငွေ တစ်ရက်ကျပ်ရှစ်သိန်းခန့် ရရှိ

22 Mar 2017     1,322 Views


ရွှေတိဂုံစေတီတွင် ဖိနပ် အပ်ခတစ်ရက်လျှင် အလှူငွေကျပ်ရှစ်သိန်းခန့်ရရှိသဖြင့် ယခင်ကကန်ထရိုက်စနစ်နှင့် ကွာဟမှုမရှိ ကြောင်း ရွှေတိဂုံစေတီတော်ဂေါ ပကအဖွဲ့မှ ရုံးအဖွဲ့မှူး ဦးထွန်း အောင်ငွေက ပြောသည်။

‘‘အခု ဖိနပ်အပ်ဝန်ထမ်းတွေ နဲ့ ဆောင်ရွက်တဲ့ အခါမှာလည်း တစ်ရက်ကို ရရှိလာတဲ့ အလှူငွေ ကလည်း ရှစ်သိန်းခန့်ပါပဲ။ ဝင်ငွေ ကတော့ မကွာပါဘူး။ ကွာသွား တာကတော့ ဝန်ထမ်းစရိတ်ကို ပေးရတာရှိပါတယ်။ ကြွပ်ကြွပ် အိတ်တွေ ဝယ်ပေးရတာရှိတယ်။ ညဘက် ၁၀ နာရီအထိ ဖိနပ်အပ် တာဝန်လုပ်ပေးတဲ့ ဝန်ထမ်းတွေကို နေရာစီစဉ်ပေးတာတို့၊ အသွားအပြန်စီစဉ်ပေးတာတို့ အုပ်ချုပ်မှုကိစ္စပိုင်းမှာ ပိုလာတာရှိတယ်။ ဝန်ဆောင်မှု စရိတ်တွေကတော့ ရှုံးပါတယ်’’ ဟု ဦးထွန်းအောင်ငွေက ပြောသည်။

ရွှေတိဂုံစေတီတွင် မတ်လ ၁ ရက်က စတင်၍ ဖိနပ်အပ်ခနှင့် သန့်စင်ခန်းခ ကန်ထရိုက်စနစ်ကို ဖျက်သိမ်းခဲ့သည်။ လက်ရှိတွင် ရွှေတိဂုံစေတီတော်၌ ဖိနပ်အပ်ခနှင့် သန့်စင်ခန်းအသုံးပြုခတို့ကို အလှူငွေအဖြစ် မတ်လ ၆ ရက်က စတင်ကာ ဝန်ထမ်းများက လက်ခံနေသည်။

‘‘ဖိနပ်အပ် ကောင်တာမှာ ကန်ထရိုက်စနစ် မရှိတော့တဲ့အ တွက် ဘုရားဖူးတွေ အရမ်းစိတ် ချမ်းသာသွားတယ်။ အလှူငွေ ထည့်လာတာမှာလည်း များတာ လည်း ရှိသလို နည်းတာလည်း ရှိ တယ်။ အရင်လိုပုံမှန်တော့မဟုတ် တော့ဘူးပေါ့။ တစ်ရာ၊ နှစ်ရာ၊ ငါးရာ၊ တစ်ထောင်စသဖြင့် နိုင်ငံခြားသားဆိုရင် ငါးထောင်၊ တစ် သောင်းထည့်တယ်။ အိတ်နဲ့သယ် သွားမယ်ဆိုရင် အခမဲ့ပေးတယ်။ ကန်ထရိုက်စနစ်နဲ့တုန်းကတော့ စီးပွားရေးဆန်ဆန်ပေါ့။ ကန်ထ ရိုက်သွင်းဖို့ကို ပိုက်ဆံကို အသည်း အသန်ရှာရတဲ့ သဘောဖြစ်တယ်။ အခုကျတော့ ကိုယ်လှူတဲ့ငွေက ဘုရားအတွက်ပဲဆိုတော့ ဘုရား ဖူးလာသူတွေလည်း စိတ်ချမ်းသာ ကြသလို ကျွန်မတို့ကလည်း ဘု ရားဝန်ထမ်းတွေဆိုတော့ ပီတီဖြစ် ရပါတယ်’’ ဟု ရွှေတိဂုံဘုရားအနောက်ဘက်မုခ်ရှိ ဖိနပ်အပ် ကောင်တာမှ ဒေါ်ကြည်ကြည်စန်း က ပြောသည်။

 ရွှေတိဂုံစေတီရှိ အရှေ့၊ အနောက်၊ တောင်၊ မြောက် စောင်းတန်းလေးခုနှင့် ဓာတ်လှေ ကားသုံးခုရှိ ဖိနပ်ကောင်တာများ၌ ဝန်ထမ်းသုံးဦးစီ ထားရှိပြီး အဆိုပါကောင်တာခုနစ်ခုမှ တစ်ရက်လျှင် ဖိနပ်အပ်ခအလှူ ငွေ ကျပ်ငါးသောင်းမှ တစ်သိန်းကျော်အတွင်း ကောက်ခံရရှိခြင်းဖြစ်သည်။

Credit : 7daydaily


22 Mar 2017     1,322 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS