သြစတေးလျလက်ဝှေ့သမား ရရှိသောဆုကြေးငွေများကို သဘာဝတရားရိပ်သာသို့ လှူဒါန်း
22 Mar 2017 1,664 Views
မတ်လ ၁၉ ရက်နေ့က ရန်ကုန်မြို့ရှိ သိမ်ဖြူလက်ဝှေ့အားကစားရုံတွင် ကျင်းပပြုလုပ်ခဲ့သော တမြန်မာ့ရိုးရာလက်ဝှေ့ နိုင်ငံတကာစိန်ခေါ်ပွဲစဉ်များတွင် ဝင်ရောက်ယှဉ်ပြိုင် ထိုးသတ်ခဲ့သည့် သြစတေးလျ လက်ဝှေ့သမား သောမတ်စ် ဟတ်ဘာကာ က သူရရှိခဲ့သော ဆုကြေးငွေများကို သန်လျှင်မြို့ရှိ သယာဝတရားရိပ်သာမှ သက်ကြီးရွယ်အိုနှင့် နားမကျန်း ဘိုးဘွား အယောက် ၃၀၀ ကျော်အတွက် သွားရောက်လှူဒါန်းခဲ့ကြောင်း လက်ဝှေ့ပွဲစီစဉ်သူ ဦးစိုင်းဇော်ဇော်၏ လူမှုကွန်ယက် စာမျက်နှာပေါ်မှ သိရှိရသည်။
အသက် ၄၄ နှစ်အရွယ် သောမတ်စ်နှင့် ကြယ်စင်ဖြိုးတို့ ယှဉ်ပြိုင်ထိုးသတ်ခဲ့သည့်ပွဲတွင် သရေဖြစ်ခဲ့ပြီး ထိုးကြေးငွေ ၁၅ သိန်းရရှိခဲ့ပြီး အဆိုပါငွေများကို သွားရောက်လှူဒါန်းခဲ့ခြင်းဖြစ်သည်။
Ref:pyimyanmar