၇၀ ရာခိုင်နှုန်း ရောင်းကုန်သွားပြီး ၃၀ရာခိုင်နှုန်းသာကျန်တော့တဲ့ နီနီခင်ဇော်ရဲ့ တစ်ကိုယ်တော်ပွဲလက်မှတ်
20 Mar 2017 1,369 Views

Redvolution Show လို့ အမည်ပေးထားတဲ့ ဧပြီ ၁ ရက်တွင် ပြည်သူ့ရင်ပြင်မှာပြုလုပ်မယ့် နီနီ ရဲ့ တစ်ကိုယ် တော်ဖျော်ဖြေပွဲလက်မှတ်များကို ကြိုတင်မှာယူစနစ်နဲ့ ရောင်းချ ခဲ့ရာ ဝယ်ယူသူများပြားခဲ့တာ ကြောင့် လက်မှတ် ၃၀ ရာခိုင်နှုန်းသာ ရောင်းရန်ကျန်ရှိတော့တယ်လို့ ပွဲစီစဉ်သူတွေကပြောထားပါတယ် ။
‘‘ဒီပွဲကို စပြီးလုပ်ဖို့ သေချာ သွားပြီဆိုတာနဲ့ ကျွန်တော်တို့ ပထမဆုံး ကြုံတွေ့ရတဲ့ ပြဿနာ ကတော့ လက်မှတ်ပါ။ ဘာဖြစ်လို့ လဲဆိုတော့ နီနီရဲ့ အင်အားကြီး မားလှတဲ့ ပရိသတ်က လက်မှတ် မရမှာ ပူပင်ကြတယ်။ အဲဒီအ တွက် ကျွန်တော်တို့ဆီကို ဖုန်း တွေနဲ့ရော၊ အင်တာနက်ကရော စိတ်ပူမှုတွေကိုပြောတော့ ဒီမှာ လုပ်လေ့မရှိတဲ့ Pre Order ကောက်တဲ့စနစ်ကို လုပ်လိုက်ရ ပါတယ်။ Pre Order ပေးထားတဲ့ သူတွေကို အရင်ဦးစားပေး ရောင်းချတဲ့စနစ်ကို လုပ်နိုင်ခဲ့ပါတယ်။ Pre Order နဲ့တင် ၇၀ ရာခိုင်နှုန်း ရောင်းပြီးသွားပြီဖြစ်တဲ့အတွက် Public Sale မှာ ၃၀ ရာခိုင်နှုန်းပဲ ကျန်ပါတယ်’’ဟု ပြောထားပါတယ်။
‘‘တစ်ကိုယ်တော်ပွဲတွေကို Solo Concert, One Lady Show ဆိုပြီးပဲ များသောအားဖြင့် သုံးကြ ပါတယ်။ နီနီကတော့ နီနီ့ရဲ့ Showလေးကို Logo တစ်ခု၊ Theme တစ်ခုအနေနဲ့ သွားချင်ပါတယ်။ ဒီ Show ကို ပရိသတ်တွေ လက်ခံ ရင်လည်း ဒီ Crew နဲ့ Tour ထွက် ဖို့ ကြိုးစားဆောင်ရွက်ပါတယ်။ အဲဒါကြောင့် တစ်နှစ်တာလုံးအ တွက် နီနီရဲ့ Redvolution ဆိုပြီး နာမည်ပေးခဲ့ပါတယ်’’ လို့ လဲ နီနီကပြောထားပါတယ်။
ဖျော်ဖြေချိန် နှစ်နာရီ သတ်မှတ်ထားပြီး အဖွင့်အစီအစဉ်၊ Band နှင့် ဖျော်ဖြေသည့်အစီ အစဉ်၊ သံစုံတီးဝိုင်းနှင့် ဖျော်ဖြေ မည့်အစီအစဉ်တို့ပါဝင်ပြီး သီချင်းစုစုပေါင်း ၂၆ ပုဒ် သီဆိုမည်ဖြစ် ကာ ဧည့်သည်အဆိုရှင်အချို့ လည်း ပါဝင်မည်ဟု နီနီခင်ဇော်က ပြောသည်။ ဖျော်ဖြေပွဲအတွက် အဝတ်အစားဒီဇိုင်းကို မပုံ့ (My Favourite)က တာဝန်ယူချုပ်ပေး ပြီး ဝတ်စုံလေးစုံ ဝတ်ဆင်မှာဖြစ်တယ်လို့လဲ သိရပါတယ် ။
Credit:7day