အကယ်ဒမီပွဲမှာ ရွှေနှစ်ကျပ်ခွဲသား နှင်းဆီရင်ထိုး ပျောက်ဆုံးခဲ့တဲ့ ထွန်းထွန်း
20 Mar 2017 1,920 Views

မတ်လ ၁၈ ရက်နေ့ ပြည့်သူ့ရင်ပြင်မှာ ကျင်းပပြုလုပ်တဲ့ ၂၀၁၆ ခုနှစ်အကယ်ဒမီထူးချွန်ဆုပေးပွဲတွင် အကယ်ဒမီဆုရရှခဲ့သူ ထွန်းထွန်း၏ ရွှေနှစ်ကျပ်ခွဲသား နှင်းဆီပုံရင်ထိုး ပျောက်ဆုံးခဲ့သည်။
‘‘ဆုရလို့ပျော်တဲ့အချိန်အထိ ရှိနေသေးတယ်။ ဟိုဘက်ဒီဘက် လည်း လှည့်ပြီးတော့ မရှိတော့ဘူး ပျောက်သွားတယ်။ အဖျားက ကြယ်လေးတော့ ပြန်ရှာတွေ့ တယ်။ ရင်ထိုးတစ်ခုလုံးတော့ ပျောက်သွားတယ်။ လူလည်း အ ရမ်းများတော့ ဘယ်ရောက်သွား မှန်းမသိဘူး’’ဟု ထွန်းထွန်းက ပြောဆိုခဲ့သည်။
အဆိုပါ ရွှေင်ရင်ထိုးကို အောင်သမဓိရွှေဆိုင်မှ နှင်းဆီအဖွဲ့သားများအတွက် ပံ့ပိုးပေးခဲ့ခြင်းဖြစ်ပြီး ရွှေရင်ထိုး ပျောက်ဆုံးခဲ့ရမှုအပေါ် အောင်သမာဓိရွှေဆိုင်မှ မဖြူက နားလည်ကြောင်းနှင့် ထွန်းထွန်းကို လက်ဆောင်အဖြစ်ပေးတယ်လို့ မှတ်ယူပါကြောင်း ပြောဆိုခဲ့ပြီး ထွန်းထွန်းကလည်း ရင်ထိုးရရှိသွားတဲ့ ပရိဿတ်ကိုလည်း လက်ဆောင်အဖြစ်ပြန်ပေးတယ်လို့ပဲ သဘောထားကြောင်း ရီရီမောမောနှင့်ပြောဆိုခဲ့ပါတယ်။
ရွှေရင်ထိုးပျောက်ဆုံးခဲ့တဲ့အတွက် စိတ်ပူပန်မှုရှိခဲ့သော်လည်း အကယ်ဒမီဆုဆွတ်ခူးရရှိခဲ့တဲ့ ဝမ်းသာပိတီကိုတော့ မကျော်နိုင်ပါဘူးလို့ ထွန်းထွန်းကဆိုပါတယ်။ ပျောက်ဆုံးသွားသည့် နှ၍်းဆီရင်ထိုးမှာ ကာလတန်ဖိုး ကျပ်သိန်း ၂၀ ဝန်းကျင်ရှိကြောင်း သိရှိရသည်။
Ref:7DayDaily