BEC-TERO TV

ဧပြီလ ၁ ရက်နေ့ကစပြီး ကိုယ်ဝန်ဆောင်သူတွေ ထောက်ပံ့ကြေးရမည်

16 Mar 2017     2,887 Views


၂၀၁၇ ခုနှစ် ဧပြီလ ၁ ရက်နေ့ကစပြီး ကိုယ်ဝန်ဆောင်သူများ၊ မွေးဖွားလာသော ကလေးများအတွက် လစဉ်ကျပ်တစ်သောင်းခွဲ ထောက်ပံ့ကြေးရရှိမည်ဟု လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌါနမှ သိရှိရသည်။
 
ချင်းပြည်နယ်ရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက် ၂ နှစ်အောက် ကလေးငယ်များကို မေလ နောက်ဆုံးပတ်ကစ၍ ငွေကြေးထောက်ပံ့ပေးမည့် အစီအစဉ်နှင့်ပက်သက်၍ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌါန ဒုတိယညွှန်ကြားရေးမှူး ဦးကျော်လင်းထင်က အောက်ပါအတိုင်းပြောကြားခဲ့သည်။
ဧပြီလ ၁ ရက်နေ့ကစပြီး ကိုယ်ဝန်ဆောင်သူတွေ၊ အဲဒီနေ့မှာ မွေးတဲ့သူတွေ၊ အဲဒီနောက်ပိုင်း မွေးတဲ့သူတွေ အကျုံးဝင်မယ်။ ကိုယ်ဝန်ဆောင်နေတဲ့အချိန်ကနေ ကလေး ၂ နှစ်သားအရွယ်အထိ တစ်လ တစ်သောင်းခွဲကျပ် ထောက်ပံ့ပေးမယ်
ဟု ဦးကျော်ရှင်းထင်က ရှင်းပြခဲ့သည်။
 
လက်ရှိကောက်ခံထားသော စာရင်းများအရ ကိုယ်ဝန်ဆောင်သူများ ၁၃,၀၀၀ ခန့်ရှိမည်ဖြစ်ပြီး ချင်ပြည်နယ်အတွက် နှစ်လတစ်ကြိမ် ထောက်ပံ့ပေးသွားပြီး ရခိုင်ပြည်နယ်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများကိုလည်း ထောက်ပံ့ရေးအစီအစဉ်များ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
 
လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌါန၏ အမျိုးသားအဆင့် လူမှုကာကွယ်ရေးဗျူဟာ (၈)ချက်တွင် ပါဝင်သည့် မိခင်နှ၍့်ကလေးများကို ငွေကြေးထောက်ပံ့ခြင်း အစီအစဉ်ကို ချင်းပြည်နယ်တွင် စတင်အကောင်ထည်ဖော်ရန် ဆောင်ရွက်နေခြင်းဖြစ်သည်။
 
TheVoice

16 Mar 2017     2,887 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS