BEC-TERO TV

အရက်မူးလွန်ပြီး သမီးအရင်းကို သားမယားပြုကျင့်မိတဲ့ဖခင်

09 Mar 2017     1,739 Views


လက်ပံတန်းမြို့နယ် ဇီးဖြူကုန်းအုပ်စ၊ ဓနင်းကြီးကျေးရွာတွင် အသက် ၁၄ နှစ်အရွယ် သမီးဖြစ်သူအား ဖခင်အရင်းက သာမယားအဖြစ်အဓမ္မပြုကျင့်ခဲ့မှုတစ်ခု ဖြစ်ပွားခဲ့သည်။
 
လွန်ခဲ့သော တစ်နှစ်ခန့်ကတည်းက လင်မယားချင်း စိတ်ဆိုးပြီး ဇနီးဖြစ်သူမှာ အိမ်ပ်ါမှဆင်းသွားကာ မှော်ဘီစိုက်ပျိုးရေးခြံတစ်ခုတွင် လစာ ၆၀,၀၀၀ ကျပ်ဖြင့် အလုပ်သွားလုပ်နေခဲ့သဖြင့် ဖခင်ဖြစ်သူ အသက် ၃၅ နှစ်အရွယ် နိုင်ဝင်းဆိုသူမှာ သားသမီး ၅ ယောက်နှင့်အတူ နေခဲ့ရသည်။ ဇနီးဖြစ်သူက သုံးလေးလ တစ်ကြိမ်မျှသာ သားသမီးများထံ လာရောက်လည်ပတ်လေ့ရှိသည်။
 
မတ်လ ၇ ရက်နေ့က သားသမီးများထံ လာလည်စဉ် အသက် ၁၄ နှစ်အရွယ် အကြီးဆုံးသမီး ဖြစ်သူက ဖခင်ဖြစ်သူက အဓ္ဓမသားမယား ပြုကျင့်ခဲ့ကြောင်း ပြောပြခဲ့သဖြင့် မိခင်ဖြစ်သူ မချိုမာဦးမှတရားလိုပြုလုပ်၍ ဇီးကုန်းရဲကင်းတွင် တိုင်းကြားခဲ့ခြင်းဖြစ်သည်။ 
ဖြစ်စဉ်မှာ မတ်လ ၆ ရက်နေ့ညတွင် နိုင်ဝင်းမှာ အရက် ၄ လုံးသောက်ခဲ့ပြီး မူးရူးကာ အိမ်သို့ပြန်လာစဉ် သူအိပ်ရန် ခြင်ထောင်ထောင်ပေးနေသော သမီးအား ဇနီးဖြစ်သူနှင့် မှားယွင်းကာ သားမယားပြုမိခြင်းဖြစ်ကြောင်း ထွက်ဆိုခဲ့သည်။
ကျနော် အဲဒီနေ့က အရက် ၄ ပုလင်းလောက်သောက်မိပြီး အိမ်ကို ပြန်ခဲ့တယ်၊ အရင်ကဆိုရင် မိန်းမက ခြင်ထောင်ထောင်ပေးနေကျလေ၊ အခု သမီးက ခြင်ထောင်ထောင်ပေးတာကို ကျနော်မသိဘဲ ဖြစ်သွားခဲ့ပါတယ်။ ကျနော် ယုံတောင် မယုံနိုင်ပါဘူး” 
 
အမှုအတွက် တရားခံနိုင်ဝင်းအား သာရဝေါနယ်မြေရဲစခန်းမှ (ပ)၄၀/၂၀၁၇ ဖြင့် အမှုဖွင့်ပြီး ရာဇသတ်ကြီးပုဒ်မ ၃၇၆ နှင့် ဖမ်းဆီးအရေးယူထားကြောင်း သတင်းရရှိသည်။
 
Ref:DVB
 

09 Mar 2017     1,739 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS