မြင်မြင်ချင်းအရူးအမူးချစ်ခဲ့ကြသူနှစ်ဦး ငယ်ဘဝဓါတ်ပုံတစ်ပုံကြောင့် မထင်မှတ်ထားတဲ့ အံ့သြစရာအဖြစ်တွေ ဖြစ်လာ ရုပ်/သံ
08 Mar 2017 1,566 Views

အွန်လိုင်းပေါ်မှာ ဆုံတွေ့ခဲ့ကြပြီး မြင်မြင်ချင်း ချစ်သူဖြစ်သွားခဲ့ကြသူ နှစ်ဦးဟာ သူတို့ရဲ့ ချစ်သူသက်တမ်း တစ်နှစ်ကျော်အကြာမှာ အမျိုးသား၏ မိခင်ပြန်ရှာတွေ့ခဲတဲ့ ဓါတ်ပုံလေး တစ်ပုံကြောင့် နှစ်ဦးစလုံး အကြီးအကျယ်ထိတ်လန့်အံ့သြစရာ အဖြစ်တစ်ခုနဲ့ ကြုံဆုံခဲ့ရပါတယ်။

အသက် ၃၃ နှစ်အရွယ် ဂျက်စတင်ပေါင်ဒါနဲ့ အေမီဂစ်ဘာဆမ် တို့ဟာ အင်တာနက်ပေါ်မှတစ်ဆင့် ခင်မင်ရင်းနှီးခဲ့ရာမှ အပြင်မှာဆုံတွေ့တွေ့ချင်းပင် နှစ်ဦးစလုံး အရူးအမူးချစ်ခဲ့ကြသူတွေဖြစ်ပါတယ်။ အေမီက ဂျက်စတင်ကို စမြင်လိုက်ကထဲက သူလက်ထက်မယ့်သူဟာ ဒီလူပဲလို့ စိတ်ထဲမှာ ခံစားခဲ့ရသူဖြစ်ပါတယ်။
.jpg)
ချစ်သူသက်တမ်း တစ်နှစ်လောက်အတွင်းမှာ ဂျက်စတင်က “အေမီ ဆိုတဲ့ နာမည်လေးကို ငါသိပ်ကြိုက်တာပဲ သိလား” လို့ ပြောပါတယ်၊ ဘာကြောင့်လဲလို့ ပြန်မေးတဲ့အခါ “အေမီဆိုတာ ငါမူကြိုတုန်းက အရမ်းခိုက်ခဲ့ရတဲ့ ကောင်မလေးရဲ့ နာမည်လေ” လို့ ပြန်ပြောတဲ့အခါ အေမီက စိတ်ပျက်သလို ဟန်ဆောင်ရင်း “ အဲဒီ အေမီက ငါမှမဟုတ်တာ၊ တော်တော့ ဆက်မပြောနဲ့တော့၊ နင်နဲ့ အခြားကောင်းမလေးတစ်ယောက်အကြောင်း မကြားချင်ဘူး” လို့ ပြောလေ့ရှိပါတယ်။
ဒီလိုနဲ့တစ်ရက်မှာတော့ ဂျက်စတင်ရဲ့ မိခင်ဖြစ်သူက အိမ်ရှင်းရင်း ဓါတ်ပုံအယ်လ်ဘမ်တွေထဲက ဓါတ်ပုံအဟောင်းလေးတစ်ပုံ ပြန်ရှာတွေ့ခဲ့ပါတယ်။ အဲဒီပုံကတော့ ဂျက်စတင် မူကြိုတက်တုန်းက ကလေးတွေစုပြီး ရိုက်ထားတဲ့ ဓါတ်ပုံတစ်ပုံပဲ ဖြစ်ပါတယ် ဓါတ်ပုံထဲမှာ ဂျက်စတင်က သူကြိုက်ခဲ့ဖူပါတယ်ဆိုတဲ့ အေမီဆိုတဲ့ ကောင်မလေးဘေးမှာ ကပ်ထိုင်လျှက်ပါ။


ဒီပုံကို သူတို့နှစ်ဦး တွေ့သွားတဲ့အခါမှာတော့ အကြီးအကျယ်အံ့သြသွားခဲ့ရပါတယ်၊ ဘာကြောင့်လဲဆိုတော့ ဂျက်စတင်ငယ်ငယ်က ကြိုက်ခဲ့တဲ့ အေမီဟာ လက်ရှိ ချစ်သူ အေမီပဲ ဖြစ်နေလို့ပဲ ဖြစ်ပါတယ်။ အချစ်စစ်မှန်ရင် ပြန်ဆုံရတယ် ဆိုသလိုပဲ အသက် သုံးနှစ်လောက်က ချစ်ခဲ့ရတဲ့သူကို နှစ်ပေါင်း ၃၀ ကြာမှ ပြန်ဆုံတွေ့ရတာတောင် သူမှန်းမသိပဲ မြင်မြင်ခြင်း ချစ်မိကြတဲ့ အချစ်ရဲ့ တန်ခိုးက စွမ်းအားကြီးလွန်းလှပါတယ်။

သူတို့နှစ်ဦးရဲ့ ထူးဆန်းလွန်းတဲ့ သတင်းဟာ မွှေးပျံ့သွားပြီး အမေရိကန် ရုပ်သံအစီအစဉ် “TheView” က သူတို့နှစ်ဦးကို ဖိတ်ပြီး အင်တာဗျူး လုပ်ခဲ့ပါတယ်။ ဒီအစီစဉ်မှာ ဂျပ်စတင်က အေမီ အံ့သြသွားအောင် ဘာတွေထပ်လုပ်ဦးမလဲဆိုတာ ဗီဒီယိုကို ဆက်လက်ကြည့်ရှုစားကြည့်ကြပါ။
ဒီအဖြစ်ပျက်လေးက ရုပ်ရှင်ဆိုရင်တောင် လက်ခံယုံကြည်ဖို့ ခဲယဉ်းပါလိမ့်မယ် သို့သော် မြန်မာဇာတ်ကားကြည့်နေကျ ပရိသတ်အတွက်တော့ သိပ်မထူးဆန်းလောက်ဘူး ထင်ပါတယ်နော်..။