BEC-TERO TV

လိင်စိတ်အာသာဖြေမှုများပြီး အပြာမဂ္ဂဇင်းစာအုပ်ပုံပိ၍ သေဆုံးခဲ့ရသူ

07 Mar 2017     1,727 Views


တစ်ကိုယ်တည်းနေထိုင်သူ အသက် ၅၀ အရွယ်အမျိုးသားတစ်ဦး အပြာမဂ္ဂဇင်းစာအုပ်ပုံအောက်မှာ ပိလျှက်သေဆုံးနေသော အဖြစ်ပျက်တစ်ခု ဂျပန်နိုင်ငံတွင် ဖြစ်ပွားခဲ့သည်။
 
ကာနာဂါဝပြည်နယ်က ဂျိုဂျီဆိုသည့် အသက် ၅၀ အရွယ်အမျိုးတစ်ဦးသည် အိမ်ခန်းငှားလျှက်နေထိုင်သူဖြစ်ပြီး အိမ်ရှင်ဖြစ်သူကို အိမ်လခ ၆ လခစာပေးရန် ပျက်ကွက်သဖြင့် အိမ်ရှင်ဖြစ်သူလိုက်လာရာ တံခါးမှာ သော့ပိတ်ထားသဖြင့် သော့ဖျက်ကာ အိမ်တွင်းသို့ ဝင်ရောက်ခဲ့သည်။ တံခါးပွင့်သွားသည်နှင့် အပြာမဂ္ဂဇင်းစာအုပ်ပုံ အကြီးကြီးကို အိမ်ရှင်ဖြစ်သူ တွေ့မြင်လိုက်ရသောအခါ လန့်ဖျတ်မိသွားပြီး အဆိုပါစာအုပ်များကို ရှင်းလင်းရန် သန့်ရှင်းရေးအဖွဲ့ကို ငှားရမ်းစေခိုင်ခဲ့သည်။
 
သန့်ရှင်းရေးအဖွဲ့လည်း မီးဖိုဆောင်ထဲတွင်လည်း ရှိနေသော အပြာစာအုပ်အပုံကြီးကို ရှင်းလင်းရာ စာအုပ်ပုံအောက်တွင် သေဆုံးနေသော ဂျိုဂျီကို ထိတ်လန့်စွာ တွေ့ရှိခဲ့ရသည်။ ရဲတပ်ဖွဲ့၏ စစ်ဆေးမှုများအရ စာအုပ်ပုံပိ၍ သေဆုံးသွားခြင်း သို့မဟုတ် အပြာစာအုပ်များ အဖတ်လွန်ကာ စိတ်အာသာဖြေခြင်း များသွားပြီး သေဆုံးခဲ့ကြောင်း ကောက်ချက်ချခဲ့ပြီး လွန်ခဲ့သည့် ခြောက်လခန့်ကထဲက သေးဆုံးခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုခဲ့သည်။
 
ဂျိုဂျီစုဆောင်းထားသော အပြာမဂ္ဂဇင်းစာအုပ်များ၏ အလေးချိန်မှာ ပေါင်ချိန် ၁၃၀၀၀ ကျော်လေးလံကြောင်း သိရှိရသည်။
 

07 Mar 2017     1,727 Views




RELATED

Most Popular of Special or Others

Most Popular of NEWS