လျှပ်စစ်ဓာတ်အားသုံးစွဲခ ဆွေးနွေး အဖြေမထုတ်သေး
07 Mar 2017 1,414 Views

လျှပ်စစ်ဓာတ်အား သုံးစွဲတဲ့ နှုန်းထားတွေကို ရောင်းချသူနဲ့ ဝယ်ယူသူ အဆင်ပြေတဲ့ ဈေးနှုန်းတွေနဲ့သာ ရောင်းချဖို့ ရန်ကုန်မြို့တော်လျှပ်စစ်ဓာတ်အား ပေးရေး ကော်ပိုရေးရှင်း (YESC) က ဥက္ကဋ္ဌ ဦးမောင်မောင်လတ်က ပြောပါ တယ်။ သည်လ ၃ ရက်နေ့က ကုန်သည်စက်မှုအသင်းချုပ်မှာ ပြုလုပ်တဲ့ ရန်ကုန်တိုင်းဒေသကြီး၏ စွမ်းအင်နှင့် လျှပ်စစ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲမှာ ပြောတာပါ။ အစိုးရက လျှပ်စစ် တစ်ယူနစ်ကို ၅၇ ကျပ်နဲ့ ဝယ်ရတာဖြစ်ပြီး အများပြည်သူကို ၃၅ ကျပ်ကနေစပြီး ရောင်းချပါတယ်။ စက်မှုဇုန်တွေကို ၇၅ ကျပ်ကနေ ၁၅၀ အထိ ရောင်းချပေးနေပါတယ်။စက်မှုဇုန်တွေမှာ ရောင်းချလို့ရတဲ့အမြတ်၊ ပြည်သူကို ရောင်းချတဲ့ အရှုံးကို ချိန်ဆပြီး ဓာတ်အားခွဲရုံတွေ တည်ဆောက်တာ၊ ထရန်စဖော်မာ လိုင်းသစ်ဆွဲတာတွေနဲ့ ပြုပြင်ထိန်းသိမ်းတာတွေ ဆောင်ရွက်နေရတာလို့ ဆိုပါတယ်။
အစိုးရ လျှပ်စစ်ဝယ်ယူတဲ့နှုန်းထားတွေက ရေအားလျှပ်စစ်ကို တစ်ယူနစ် ကျပ် ၇၀ ၊ ကျောက်မီးသွေး တစ်ယူနစ်ကို ကျပ် ၈၀၊ သဘာဝဓာတ်ငွေ့က တစ်ယူနစ် ကို ကျပ် ၁၅၀၊ စက်သုံးဆီနဲ့ ထုတ်လုပ်တဲ့ လျှပ်စစ်က တစ်ယူနစ်ကို ၁၉၂ ကျပ်ကနေ ၁၉၅ ကျပ် အထိ စက်သုံးဆီဈေးအပြောင်း အလဲပေါ်မူတည်ပြီး ဈေးနှုန်းကွာခြားတယ် လို့ သိရပါတယ်။ အစိုးရက ရောင်းချတဲ့ ဈေးကတော့ အိမ်သုံးလျှပ်စစ် တစ်ယူနစ်ကို ကျပ် ၃၅၊ ၄၀၊ ၅၀ နဲ့ ရောင်းချပြီး စက်မှုဇုန်တွေကိုတော့ ၇၅ ကျပ်၊ ၁၀ဝ၊ ၁၁၅၊ ၁၅၀ တို့နဲ့ ရောင်းချနေတာပါ။
လက်ရှိ သည်နှုန်းထားတွေနဲ့ ဆက်လက်ရောင်းချရင် သည် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှာ လျှပ်စစ်ရောင်းချမှုက ကျပ် ဘီလျံ ၉၀ဝ နီးပါး အရှုံးပေါ်မှာ ဖြစ်ပါ တယ်။ အရှုံးပေါ်နေတဲ့ လျှပ်စစ်ကဏ္ဍကို ဖြေရှင်းနိုင်ဖို့ ဈေးနှုန်းပြောင်းလဲသတ်မှတ်ဖို့ ဆွေးနွေးနေကြတာ ဖြစ်ပါတယ်။ အိမ်ထောင်စုပေါင်း ၁၀ သန်းကျော်မှာ ၆.၅ သန်းကလျှပ်စစ်မရရှိသေးဘဲလက်ရှိလျှပ်စစ်ရနေတဲ့ ၃့၅ သန်းအတွက်လာမယ့်နှစ်အသုံးပြုမယ့်ဓာတ်အားကို ပြည့်မီအောင်ထုတ်လုပ်ရင် ငွေကျပ် ၉၀ဝ ဘီလျံအထိအရှုံးခံရမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက် မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ် နီလာကျော်က ပြောပါတယ်။
လျှပ်စစ်ကဏ္ဍ အရှုံးပေါ်နေပေမဲ့ မီတာခသုံးဆတက်မယ်ဆိုတာ မဟုတ်ဘူးလို့ ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှု လက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန် ကြီး ဒေါ်နီလာကျော်က ငြင်းဆိုထားပါ တယ်။ နိုင်ငံတော်အစိုးရက နှစ်စဉ် အရှုံးပေါ် နေတဲ့ အခြေအနေက ဆွဲတင်ဖို့ ရန်ကုန်တိုင်းအတွင်း လျှပ်စစ်ဓာတ်အားအသုံးပြု ခဈေးနှုန်းတွေ မြှင့်တင်ဖို့ အရေးတကြီးလို အပ်နေပြီး စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့ လျှပ် စစ်မီးမရရှိတဲ့ ၆၅ ရာခိုင်နှုန်းသော အိမ်ထောင်စုတွေကို မီးသွယ်တန်းပေးနိုင်ဖို့ လျှပ်စစ်နဲ့ စွမ်းအင်ကဏ္ဍမှာ ရင်းနှီးမြှုပ်နှံမှုတွေ အထူးလိုအပ်နေပါတယ်။
တစ်နှစ်ထက် တစ်နှစ်တိုးတက်လာ မယ့် ဓာတ်အားလိုအပ်ချက်ကိုပေးနိုင်ဖို့နှစ်တိုင်း အနည်းဆုံး ၅၀ဝ မဂ္ဂါဝပ် ဓာတ်အား ပေးစက်ရုံတစ်ရုံ တိုးချဲ့ဆောက်လုပ်နိုင်မှ လိုအပ်ချက်ကို ၂၀၃၀ ခုနှစ်မှာ ကာမိနိုင်မှာ ဖြစ်တယ်လို့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ရှင်းပြပါတယ်။ ရန်ကုန်တိုင်းဒေသကြီး၏စွမ်းအင်နှင့် လျှပ်စစ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးပွဲမှာ ရေအား၊ ကျောက်မီးသွေး ၊ ဂက်စ် စတဲ့ နည်းလမ်းပေါင်းစုံကနေ ပတ်ဝန်း ကျင်ကို ထိခိုက်မှုအနည်းဆုံးနည်းနဲ့ လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖို့နဲ့ လျှပ်စစ်သုံးစွဲခနဲ့ လျှပ်စစ်ဥပဒေတွေကို ပြုပြင်ပြောင်းလဲဖို့ ဆွေးနွေးကြပါတယ်။
Credit : kumudranews