မြန်မာ့ကော်ဖီ ၁၀ မျိုးခန့် အမေရိကန်ကော်ဖီပြပွဲသို့ သွားရောက်ပြသမည်
07 Mar 2017 1,398 Views

မြန်မာ့အထူးတန်းဝင် ကော်ဖီ ၁၀ မျိုးခန့်ကို အမေရိကန် နိုင်ငံ ဆီယက်တဲလ်မြို့၌ လာ မည့်ဧပြီတွင်ကျင်းပမည့် ကမ္ဘာ့ အထူးတန်းဝင် ကော်ဖီပြပွဲသို့ သွား ရောက်ပြသမည်ဖြစ်ကြောင်း သ တင်းရရှိသည်။ အဆိုပါပြပွဲကို အမေရိက အထူးတန်းဝင် ကော်ဖီအသင်း (SCAA) က ဧပြီ ၂၀ မှ ၂၃ ရက် အတွင်း ပြုလုပ်မည်ဖြစ်ပြီး ယင်း ပြပွဲတွင် မြန်မာနိုင်ငံရှိ အထူး တန်းဝင်ကော်ဖီအရည်အသွေး ပြိုင်ပွဲမှ ဆုရရှိသည့် ကော်ဖီ ၁၀ မျိုးခန့်ကို သွားရောက်ပြသမည်ဖြစ်ကြောင်း မြန်မာနိုင်ငံကော်ဖီအသင်းဥက္ကဋ္ဌ ဦးရဲမြင့်က ပြောသည်။
ယခုနှစ်ကော်ဖီရာသီအ တွင်း အထူးတန်းဝင်ကော်ဖီ စိုက် ပျိုး၊ ထုတ်လုပ်သူများ၏ ကော်ဖီ များကို အထူးတန်းဝင်အရည်အ သွေးရှိ၊မရှိ နိုင်ငံတကာပညာရှင် များက အကဲဖြတ်ခြင်းကို ရှမ်း ပြည်နယ် ရွာငံမြို့တွင်မတ်လ ၁ ရက်မှ ၆ ရက်အထိပြုလုပ်ခဲ့သည်။ ပြိုင်ပွဲတွင် ရွာငံ၊ပြင်ဦးလွင်၊ နောင်ချို၊ မိုးကုတ်စသည့်မြို့နယ်များနှင့် ချင်းပြည်နယ်မှ ကော်ဖီစိုက်ပျိုးထုတ်လုပ်သူ ၇၀ ကျော် ၀င်ရောက်ယှဉ်ပြိုင်ကြောင်း သတင်းရရှိသည်။
ပြီးခဲ့သည့် ၂၀၁၆ ဧပြီက လည်း အတ္တလန်တာမြို့တွင် ပြုလုပ်သည့် SCAA ၏ အထူး တန်းဝင်ကော်ဖီပြပွဲ၌ မြန်မာနိုင်ငံ မှ ကော်ဖီကိုသွားရောက်ပြသခဲ့ သည်။ အဆိုပါပြပွဲတွင် မြန်မာ့ ကော်ဖီကို နိုင်ငံတကာက စိတ် ၀င်စားမှုများရှိခဲ့ကြောင်း ဦးရဲမြင့် ကဆိုသည်။ ယခုနှစ်တွင် ဂျပန်၊ သြစတြေးလျ၊ ဥရောပ၊ အမေရိ ကန် စသည့်နိုင်ငံများက မြန်မာ နိုင်ငံမှ အထူးတန်းဝင်ကော်ဖီများ ၀ယ်ယူရန် လာရောက်လေ့လာမှုများရှိကြောင်း ဦးရဲမြင့်ကပြောသည်။
Credit : 7daydaily