BEC-TERO TV

အကယ်ဒမီ မှာရွှေသုံးဆယ်ကျပ်သားဝတ်စုံနဲ့ ပွဲတက်မယ့် အိချောပို

06 Mar 2017     1,575 Views


မတ်လ 18 ရက် ပြည်သူ့ ရင်ပြင်မှာ ပြုလုပ်မယ့် မြန်မာ့ရုပ်ရှင်ဆုချီးးမြှင့်ပွဲ ကို မင်းသမီးချောလေး အိချောပိုကတော့ ဒီဇိုင်နာမျိုးမင်းစိုးရဲ့ ရွှေသုံးဆယ်ကျပ်သား အသုံးပြုပြီဖန်တီးထားတဲ့ ၀တ်စုံနဲ့ တက်ရောက်မယ်လို့ သိရပါတယ် ။ ၀တ်စုံမှာ အသုံးပြုမယ့် ရွှေထည်တွေကိုလဲ အောင်သမာဓိ ရွှေဆိုင်က စပွန်ဆာပေးထားတာလဲဖြစ်ပါတယ်။ အကယ်ဒမီပွဲမှာတော့ (ရွှေဝတ်စုံ)က ပထမဆုံးဖြစ်မှာပါ ရွှေသုံးဆယ်သားဆိုတော့ သိန်းနှစ်ရာကျော်လောက် သွားကျမှာပါလို့ လဲ ပြောထားပါတယ် ။

ဒီဇိုင်နာ မျိုးမင်းစိုးကလဲ ‘‘အိချောပို က မြန်မာကိုယ်လုံးဆိုတော့ မြန်မာကိုယ်လုံးနဲ့ လိုက်ဖက်တဲ့ ဒီဇိုင်းလေး၊ ရွှေပန်းပွင့်လေးတွေ လုပ်ထားတယ်။ အင်္ကျီမှာ ရင်ခံတွေမှာကပ်မယ်။ ပန်းပွင့်လေးတွေ လုပ်ထား တယ်။ အဓိကကတော့ အင်္ကျီမှာပဲ ဆင်သွားမယ် ၀တ်စုံအတွက် ချိတ်ဒီဇိုင်းကို ကိုယ်ပိုင်ချိတ်ဒီဇိုင်း ပါပြုလုပ်မှာပါလို့ ’’ လို့ ၀တ်စုံနဲ့ ပတ်သတ်ပြီးလဲ ပြောသွားပါတယ် ။

ဒီဇိုင်နာ မျိုးမင်းစိုးက ‘‘ကျွန်တော်ချုပ်တာတော့ ခုနစ်ထည်လောက်ရှိပြီ။ နောက်ထပ်လည်း နှစ်ထည်ရှိတယ်။ သီရိသုဓမ္မယူဖို့အတွက်ကို ချုပ်ထားတာ။ နောက်ပြီး မိုးကုတ်ထွက် ကျောက်တွေနဲ့ လုပ်ထားတာတွေ လည်း ရှိသေးတယ်’’ ပြောသွားခဲ့ ပါတယ် ။

၂၀၁၆ အကယ်ဒမီ ပွဲအတွက် မြန်မာ့ယဉ်ကျေးမှုနှင့်အညီ ဝတ်စားဆင်ယင်ရန် ပွဲစီစဉ်သူတွေကပြောကြားထားတယ်လို့ လဲ သိရပါတယ် ။

Credit:7Day

 


06 Mar 2017     1,575 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment