BEC-TERO TV

ဘာပဲလုပ်လုပ်အပြစ်မမြင်ပါနဲ့ ကိုငြိမ်းမောင်(ရယ်မောစရာ ဟာသ)

03 Mar 2017     1,413 Views


ကျွန်မ ရှေ့အပါတ်ထဲ ဘာပဲလုပ်ပြီးလုပ်ပြီး ရေမဆေးဘူး ဆိုရင် ကျွန်မ ကို အပြစ်မမြင်ပါနဲ့ ကိုငြိမ်းမောင်.. ရန်ကုန်မှာ ရေ (၆) ရက် မလာဘူး လို့ ကြေညာ ထားတာ ရှင်ထင်သလောက်မှ မလွယ် ဘူး ကိုး..ကိုငြိမ်းမောင်ရဲ့.. အဲ့ဒိ သတင်းကြားကြား ပြီးကတည်း က ကျွန်မ ရှိသမျှ ထည့်လို့ရသမျှ ကန်တွေ၊့ ပုံးတွေ၊ ခွက်တွေရှိသမျ ထည့်လိုက်ရတာ ခု တော့ ထည့်စရာ ခွက် ဆိုလို့ ရှင့်မျက်ခွက် ပဲ ကျန်တော့တာပါ ကိဲုငြိမ်းမောင်..

ရေလာတဲ့ နောက်ဆုံးနေ့ ညနေက ရှင် ရေအိမ်သာမှာ တံခါး လာခေါက်လို့ ကျွန်မ ဖွင့်မပေးခဲ့ဘူး ဆိုတာ ကျွန်မအိမ်သာထဲ ထိုင်နေတဲ့ ၄၅ မိနစ်လောက်မှာ ပေါ့ ။ ဟုတ်ပါတယ် ကိုငြိမ်းမောင် ...မိန်းမ တစ်ယောက်အတွက် နောက်ထပ် (၆) ရက်စာ အပြီး အင်အင်း ပါရတယ် ဆိုတာ လွယ်လောက်တယ် မှ မဟုတ်တာ ဒီလောက်တော့ အချိန်ယူရတာပေါ့ ကိုငြိမ်းမောင်ရယ် ..

ပြီးတော့ ရှင့်လိပ်ခေါင်း နဲ့အဆင်ပြေလို့ဆိုပြီး တပ်ထားတဲ့ အဲ့ဒီ ဗိုလ်လို ထိုင်တဲ့ အိမ်သာ က ရေတစ်ခါ ဆွဲ ချရင် လီတာ ၂၀ လောက် ကုန်တာ လည်း ရှင်အသိ.. အဲ့ဒါ ကြောင့် လာသမျ ရှင့်ဧည့်သည် တွေ နောက်ဖေး လေး သွားချင်တယ် ဆိုတဲ့ အသံလေး ကြားတာနဲ့ အိမ်သာနားမှာ စပိုတာ လှမ်းသယောင်ယောင် ၊ အဝတ်လျှော်သယောင်ယောင် ငရုတ်သီးညှော်တိုက်သယောင်ယောင်နဲ့ ပလီပလာ လုပ်ရတာကလည်း မိန်းမ မာယာ တွေပေါ့ကိုငြိမ်းမောင် ..

ကျွန်မ ဆို တစ်နာရီခြား တစ်ခါ ရှူးး ရှူး ကိုသုံးခါ လောက်ပေါက်ပြီး မှ ပေါင်းပြိး ရေဆွဲ ချ တာ ကို သူတို့ မှ ကိုယ်ချင်း မစာ တာ .. တကယ်ဆို ကျွန်မသဘောက ရှင်တို့လို ယောက်ျား တွေက ဘေစင်ဘေးက ရေထွက်ပေါက်ကို တန်းပြိး ရွှေပြွန်က ရေသွန်လို့ ရပေမယ့် ကျွန်မ ဟာ တောင်ဥက္ကလာ ဂန္ဓမာ Wholesale နားမှာ ကန်စွန်းရွက် ခူးပြီး ကြီးပြင်းလာသူ မဟုတ်တော့ မိန်းမတန်မယ့် အဲ့ဒီ လိုတန်း ပြီး မတ်တပ် ငေါ့ပန်းဖို့ဆိုတာ နည်းတဲ့ စကေးမှ မဟုတ် တာ။

ဒါလေးတစ်ခုတော့ ကျွန်မ မတတ်နိုင်ဘူး မောင်.. ဒါပေမယ့်ကိုငြိမ်းမောင်ရယ် ကျွန်မကို အပြစ်တင်တော့ မစောလိုက်ပါနဲ့ မနေ့က ရှင်တို့ မူးမူး နဲ့ စားလို့ကောင်းလိုက်တာ ကြွပ်ကြွပ်ကလေး ဆိုတဲ့ ထမင်း ဂျိုးကြော် ပန်းကန် ဆိုတာ မနေ့ ကတတည်းက ကျွန်မ ဘဲဥ နဲ့စားထားတဲ့ ထမင်း ပန်းကန် ကို မဆေး ရသေးတာမို့ အဲ့ဒါနဲ့ ထည့်ပေးမိလိုက်တာ ပါ..ရှင်တို့စားလို့ကောင်းလိုက်တာ ဆိုတာ ကျွန်မ ထမင်းပန်းကန် မှာ ကပ်နေတဲ့ ဘဲဥနှစ် လေးတွေ ခြောက်ပြီး ကျွပ်နေတာ နေမှာပေါ.. အားအား နေ ရှော့ပင်းစင်တာ ရောက်နေတဲ့ ကျွန်မကို ရှင်အပြစ်တင်တာနဲ့စာရင် ရေမလာတဲ့ ရန်ကုန်သူ တစ်ယောက် က စရိတ်ငြိမ်း နဲ့ အိမ်သာဝင်လို့ ရတာ အဲ့ဒီ နေရာပဲ ရှိတယ် ကိုငြိမ်းမောင် ဒီထက် စကေး ကြမ်း တဲ့ ကျွန်မ က ရှော့ပင်းစင်တာက အများသုံး အိမ်သာကို အနကြမ်းစီး ၊ တံခါး ချက်ချထားပစ်လိုက်ပြိးတော့ တော့ ဘေစင်မှာ ခေါင်းလျှော် ပြီး အဝတ်ပါလျှော် ခဲ့လို့ ရှင်ဒီနေ့ ရုံးသွားတဲံ့အင်္ကျီလေးက ဖြူလွှလွှ လေး ဖြစ်နေတာပေါ့ ကိုငြိမ်းမောင် အများသုံး အိမ်သာက လက်ဆေးဆပ်ပြာနဲ့ အကျီကိုဖွေးနေအောင် လျော်ျနိင်တဲ့ ရှင့်ဇနိး ရဲ့မနည်း မနော စကေး ကို ရှင် အသိအမှတ်ပြုသိတာပေါ့ ကိုငြိမ်းမောင်ရယ် ..

အညာက ရှင်တို့ ရွာကို အလည်ပြန်သလိုနဲ့ ရေချိ ချိုးရအောင်လည်း မုန်းချောင်းထဲ ဗူးလက်လှဆွေ ကြီး လန်ကွတ်တီနဲ့ လာ DAB လုပ်နေကတည်း ကဒီလောက်မသတီစရာ ညစ်ပတ်တဲံ့ ရေကို ဘယ်သူ က ချိုးတော့မှာ လဲ ကိုငြိမ်းမောင် ဒါကြောင့်ဒီရက်ပိုင်း ပုပ်အက်အက် အနံ့ရတိုင်း ကျွန်မကို မငြိုငြင် ပါနဲ့ ကိုငြိမ်းမောင်ရယ် ကျွန်မ ရှော့ပင်း စင်တာ မသွားဖြစ်သေးလို့ပါ ယောက်ခမအိမ် ခဏခဏ သွားချင်တယ် ပူစာလို့ မငြိငြင် ပါနဲ့ ကိုငြိမ်းမောင် ကျွန်မ ရှူး ရှူး ပေါက်ချင် လိှု့ပါ ကျွန်မ ရှေ့အပါတ်ထဲ ဘာပဲလုပ်ပြီးလုပ်ပြီး ရေမဆေးဘူး ဆိုရင် ကျွန်မ ကို အပြစ်မမြင်ပါနဲ့ ကိုငြိမ်းမောင်.. ရန်ကုန်မှာ ရေ (၆) ရက် မလာဘူး လို့ ကြေညာ ထားတာ ရှင်ထင်သလောက်မှ မလွယ် ဘူး ကိုး..ကိုငြိမ်းမောင်ရဲ့..

မိမိဖျဲ ၁.၃.၂၀၁၇


03 Mar 2017     1,413 Views




RELATED

Most Popular of Special or Others

Most Popular of NEWS