ကမ္ဘောဒီးယားနိုင်ငံတွင် ကလေးများ ကြာပန်းဆင်းခူးရင်း အစုလိုက်အပြုံလိုက်ရေနစ်
03 Mar 2017 1,369 Views
၂၈ ရက်နေ့ ၂လ နေ့လည်းပိုင်း ၂ နာရီ ဝန်းကျင်းတွင် ကမ္ဘောဒီးယားနိုင်ငံ Boeng Prek ရေကန်မှာ ကလေးများ ကြာပန်းဆင်းခူးရင်း အစုလိုက်အပြုံလိုက်ရေနစ် သေခဲ့ရခြင်းဖြစ်ပါတယ်။ကလေးအများစုရဲ့အသက်ဟာ ၆နှစ် ၁၃ နှစ်ကြားပဲရှိပါသေးတယ်။သူတို့ ကြာပန်းတွေနဲ့ ကြာရိုးတွေစုဆောင်းဖို့ သစ်သားလှေနဲ့ကန်ထဲ့ကို လှော်ခတ်သွားရင်း ရေကန်ထဲ့မှာ နစ်မြုပ်ခဲ့ကြပါတယ်။သစ်သားလှေလေးဟာ ၁တစ်မီတာခန့်ကျယ်ပြီး ၃မီတာခန့်ရှည်လျားပါ။
ထိုလှေလေးမှာ ကလေး ကိုးယောက်ပါလာခဲ့ပါတယ်။လှေနစ်မြုပ်ချိန်မှာ ခုနှစ်ယောက်ကနစ်မြုပ်နေပြီး ၁၃နှစ်ခန့် ကကောင်လေးနှစ်ယောက်မှာရေနစ်နေတဲ့အဖွဲထဲမှ လွတ်မြောက်အောင်ကန်ဘောင်ပေါ်ထိကူးခတ်လာနိုင်ခဲ့ပါတယ်။အဆိုပါကလေးနှစ်ယောက်သည် အိမ်သို့ပြန်လည်အကြောင်းကြားပြီးကယ်ဆယ်ရေးအဖွဲ့များနဲ့ပြန်ရောက်လာပါတယ်။ကယ်ဆယ်ရေအဖွဲ့များ ဆယ်ယူချိန်မှာ အလောင်းခြောက်လောင်းတာတွေ့ရပြီး နောက်ဆုံးကလေးတစ်ယောက်အလောင်းကို တော်တော်ခက်ခဲစွာ ပြန်လည်တွေ့ရှိခဲ့ရပါတယ်။
Ref ; cambodiadaily