သိန်း ၆၀၀ နီးပါးအကုန်ခံထားတဲ့ ၀ါဆိုမိုးဦး ရဲ့ အခွေ
28 Feb 2017 1,384 Views
‘မိုက်လားပြောကြည့်’ တစ်ကိုယ်တော်အခွေ MTV ကို မတ်လ ၂ ရက်နေ့မှာ ဖြန့်ချိမှာ ဖြစ်ပြီး ကျပ်သိန်း ၆၀၀ ခန့် အကုန်အကျခံ ရိုက်ကူးထားပါတယ်လို့လဲ သိရပါတယ် ။ လှည်းတန်းစင် တာ မှာ ၃ နာရီကနေ ၆ နာရီထိ ပရိုမိုးရှင်းပွဲပြုမှာလဲ ဖြစ်ပါတယ် ။
‘‘ငွေရေးကြေးရေးက အဓိကမဟုတ်ပါဘူး။ ပြန်ရဖို့လည်း မမျှော်လင့်ဘူး။ အဓိကက ပရိ သတ်အားပေးမှုကို လိုချင်တာ။ ဝါဆို ဒီအခွေလေးမှာ တော်တော် ကြိုးစားထားတာပဲဆိုပြီး ပရိသတ် က အသိအမှတ်ပြုတာကို လိုချင် တာပါ’’လို့ လဲ ပြော ထားပါတယ် ။
‘‘ဒီအခွေကို ဝါဆိုစလုပ်တာ ၂ နှစ်လောက်တောင်ရှိပြီ။ စိတ် ရော လူရောနှစ်ပြီး ကြိုးစားထား ပါတယ်။ ဒီအခွေလုပ်နေတဲ့အချိန် မှာ ဝါဆို ရပ်တန့်ဖို့ကိုတောင် စဉ်း စားခဲ့ဖူးတယ်။ သရုပ်ဆောင်မင်း သမီးဖြစ်တဲ့အတွက် အဆိုဘက် မှာတော့ ပိုင်နိုင်မှုမရှိပါဘူး။ ဝါဆို အမှန်အတိုင်းဝန်ခံတာပါ။ အ တတ်နိုင်ဆုံး၊အကောင်းဆုံးဖြစ် အောင် ကြိုးစားထားပါတယ်
’’ Featuring အဖြစ် နေတိုး၊ကျော်ကျော်ဗို၊ ထွန်းထွန်း၊ ဖြိုး လေးနှင့် စန္ဒီမြင့်လွင်တို့က ပါဝင် သီဆိုထားပြီး အော်ဒီယိုစီဒီတွင် သီချင်း ၁၂ ပုဒ် ပါဝင်ကာ အမ်တီ ဗီအဖြစ် သီချင်း ၁၀ ပုဒ်ကို ပုံဖော် ထားပါတယ် ။
‘‘မင်း ကြိုက်တာလုပ် အမ်တီဗီကို V7 အင်တာ တိန်းမန့်က တင်ဖို့ကမ်းလှမ်းလာလို့ ပေးဖြစ်တာပါ။ ဒီသီချင်းလေး ကို ၂၆ ရက် နေ့ကတင်ခဲ့တာလဲ ဖြစ်ပါတယ် ။ သီချင်းကတော့ လူငယ်သဘာဝ အချစ်အကြောင်းလေး ကောင်မလေးက ကောင်လေးကို ထားသွားတယ်။ ကောင် လေးက ခံစားရတယ်။ အဲဒီလို ပုံစံလေးပါ’’ လို့ ပြောသွားခဲ့ ပါတယ်။
Credit:7Day